Diagnosis: Dissent HD

Diagnosis: Dissent

Drama History HD 2024-10-31 8.2 118 Min

အန်ဒရီ ဒိုဗ်ချန်ကိုက ငယ်ချစ်ဇနီးချောလေး သားတစ်ယောက်နဲ့အတူအောင်မြင်သာယာတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် သူဟာ ဆိုဗီယက်အစိုးရကိုဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီးအစိုးရယန္တရားမှာပါဝင်နေတဲ့ ယောက္ခမကြီးနဲ့လည်း လုံး၀အစေးမကပ်ပါဘူး။အဲ့ဒီလိုပြဿနာသေးသေးလေးတွေကနေ မီးခိုးကြွက်လျှောက်ဖြစ်ပြီး တားမြစ်ထားတဲ့သီချင်းတွေကိုနားထောင်မှုနဲ့ထောင်ကျခံရမယ့် အရေးကိုရှောင်လွှဲဖို့ သူဟာ စိတ်မူမမှန်ကြောင်းသက်သေထူပြီးစိတ်ရောဂါကုဆေးရုံတစ်ခုကို ပို့ဆောင်ခံလိုက်ရာကနေ ထင်မှတ်မထားတဲ့ငရဲခန်းကိုကြုံတွေ့ဖို့ဖြစ်လာပါတော့တယ်။KGB တွေဟာ စိတ်ရောဂါကုထုံးကိုလက်နက်တစ်ခုလိုအသုံးချပြီး အစိုးရနဲ့ဘာသာရေးအတိုက်အခံတွေကိုအသိစိတ်ပျောက်တဲ့အထိနှိပ်စက်ညှင်းပန်းနေခဲ့တာဖြစ်ပါတယ်။ဒီငရဲခန်းကနေ အန်ဒရီ တစ်ယောက် အသက်ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား?ဒါမှမဟုတ် ဘ၀တူအကျဉ်းသားတွေလိုပဲအမှန်တကယ်ရူးသွပ်တဲ့အခြေနေကိုဆိုက်သွားတော့မလား? ခံစားကြည့်ကြပါ။