၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြောအချစ် ဟာသ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင် ဒါရိုက်တာဖြစ်ချင်ပေမဲ့ အခြေအနေအရရဲလုပ်နေရတဲ့ ရဲ ဆရာတပည့်နှစ်ယောက်။တစ်ည သူတို့ ရုပ်ရှင်ကိစ္စတွေပြောနေတုန်းရပ်ကွက်တစ်ခုမှာ အရက်မူးပြီး အော်ဟစ်နေတဲ့သူရှိတယ်လို့သူတို့ကို တိုင်ကြားလာပါတယ်။သူတို့နှစ်ယောက်လည်း အဲဒီ မူးပြီးသောင်းကျန်းတဲ့သူကိုအိမ်ပြန်ပို့ဖို့ သွားခေါ်ခဲ့ကြပေမဲ့ အဲဒီအမူးသမားရဲ့ပုံစံကထူးဆန်းနေတဲ့အတွက် သူတို့ရုပ်ရှင်ရိုက်ဖို့ ကုန်ကြမ်းတွေရှိမှာပဲဆိုပြီးအဲဒီအမူးသမားနဲ့မိတ်ဖွဲ့ပြီး သူ့ရဲ့ဘဝအကြောင်းကိုမေးရာကနေ ကာသစ်၊ အမ်ရီတာ၊ ပရီယာနဲ့ မာနို့ဂျ်ဆိုတဲ့လူငယ်လေးယောက်ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုသိလာရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။