Undercover Party Crasher HD

Undercover Party Crasher

Action Comedy HD 2025-01-17 6.5 86 Min

ဒီဇာတ်လမ်းထဲမှာကတော့ သူငယ်ချင်း‌ကောင်းဆိုတာကိုယ့်ဘဝမှဘယ်လောက်အရေးပါလည်းကိုအသားပေးရိုက်ကူးထားတာပါ။ဘယ်အလုပ်နယ်ပယ်ချင်းမတူညီပါစေကိုယ်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတစ်ယောက်ရှိနေတာက တကယ့်ကိုဘဝကပေးတဲ့လက်ဆောင်ပါပဲ။ဇာတ်လမ်းရဲ့အဓိက‌ဇာတ်ဆောင်မင်းသမီး ဒန်နီစ်က ဖခင်ဖြစ်သူရဲမှူးကြီးရဲ့ ထိန်းချုပ်မှုနဲ့နေနေရတဲ့သူပါသူကသူ့ဖခင် အထင်ကြီးအောင်လို့နည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ နောက်ဆုံးအလွဲလွဲအ‌ေချာ်ချော်ပဲဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့တနေ့မှာသူတို့နှစ်အကြာကြီးလိုက်နေတဲ့လက်နက်မှောင်ခိုသမားကိုဖမ်းဖို့မစ်ရှင်လုပ်‌နေရင်း ဒန်နီစ့်ရဲ့စိတ်လောမှုကြောင့်နဲ့ ရာဇဝတ်သားကလွတ်သွားပါတယ်။ဒါပေမဲ့ရာဇဝတ်သားက လက်နက်တွေရဲ့တည်နေရာကိုရဲတွေတောင်ထိလို့မရနိုင်တဲ့သူတစ်ယောက်ဆီအပ်ထားခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ သူ့ကြောင့်ပျက်စီးသွားတဲ့မစ်ရှင်ကို အဖက်ဆယ်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါမှာဝရမ်းပြေးမှာသမီးလေးတစ်ယောက်ရှိနေပြီးတော့ အဲဒီကလေးမဆီမှာပါတည်နေရာတွေရှိလောက်တယ်ဆိုပြီး သူကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လို့အယောင်ဆောင်ပြီးစုံစမ်းပါတော့တယ်ဒီလိုနဲ့ကြုံတွေ့လာရတာတွေကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကြည့်လို့ကောင်းတဲ့ကားလေးတစ်ခါဖြစ်တာမို့ ကြည့်ရှုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ကောင်မလေးအလန်းလေးတွေအများကြီးနဲ့မို့ ကြည့်ရတာတန်တဲ့ကားလေးတစ်ကားပါ။