Special Monster HD

Special Monster

Action HD 2025-02-01 8.3 105 Min

ကမ္ဘာဦးသတ္တဝါတွေနဲ့ဝန်းရံထားတဲ့ ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်း……စုန့်ခေတ်မှာ အာရပ်ကုန်သည်တစ်ယောက်ကကုန်ကူးဖို့သွားရင်းနဲ့ပင်လယ်ပြင်မှာမုန်တိုင်းမိပြီးတော့ သူတို့ရဲ့သင်္ဘောဟာပျောက်သွားခဲ့တယ်။အဲဒီသင်္ဘောပေါ်မှာရတနာတွေအများကြီးပါတယ်လို့ဒဏ္ဍာရီရှိတယ်။နောက်နှစ်ပေါင်း (၇၀၀)ကျော်ကြာလာပြီး လက်ရှိခေတ်ရောက်တဲ့အထိအဲဒီသင်္ဘောကိုရှာနေတဲ့သူတွေရှိပါတယ်။ တံငါသည်တစ်ချို့ရဲ့အပြောအရရတနာလှေသင်္ဘောကြီးဟာ ဆန်းကြယ်တဲ့ကျွန်းမှာရှိတယ်လို့ဆိုတယ်။ဒီလိုနဲ့ ချန်ဝူရယ်ဆိုတဲ့လူတစ်ယောက်ဟာဦးဆောင်ပြီးတော့ ဇီဝသက်ရှိဗေဒပညာရှင်၊ရှေးဟောင်းသုတေသနပညာရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့ကိုခေါ်ပြီးတော့ဆန်းကြယ်တဲ့ကျွန်းကိုရှာဖို့ခရီးစလိုက်ပါတယ်။ပင်လယ်ပြင်မှာအန္တရာယ်တွေကျော်ဖြတ်ပြီးမှာ ဆန်းကြယ်တဲ့ကျွန်းကိုရောက်လာခဲ့ကြပေမယ့် မှန်းဆမရတဲ့နောက်ထပ်အန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေတဲ့အခါ……