Wake Up Sid HD

Wake Up Sid

Comedy Drama Romance HD 2009-10-02 7.2 138 Min

သူနာမည်က ဆစ်ဒ်…ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတစ်ယောက်ပေါ့…လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား…ရနံတွေ လွမ်းခြုံချင်သလား…ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်…သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘဝရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ…ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့…အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ…ဘဝရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို ဆစ်ဒ်နဲ့လည်းခံယူချက်တွေတော်တော်များများက အတော်ကြီးခြားနားလှပါတယ်..သို့ပေမဲ့လည်း သူတို့ နှစ်ယောက်က သူငယ်ချင်းပါပဲ…သူတို့တွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးသိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ…ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်..ဒါပေမဲ့ နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာပင်ပန်းနွမ်းနယ်ရှာလွန်းတယ်မဟုတ်လား…ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့နှလုံးသားလည်း လှုပ်ရှားခုန်ပေါက်နေမယ်လို့ ပြောရဲပါတယ်…