ဖောက်ပြန်ခြင်းကို အချစ်လို့ ခေါင်းစဉ်တတ်ကြတဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ….မက်သရူးနဲ့ ဗင်းဆန့်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝထဲကို အယ်လ်ဆာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်လာခဲ့တဲ့အခါ……နှစ် ၂၀ လောက်ပေါင်းသင်းခဲ့တဲ့ မိန်းမအပေါ်ကို မထောက်ထားဘဲ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ သူငယ်ချင်းဖြစ်သူ ဗင်းဆန့်ကို တားဖို့ကြိုးစားနေရင်းအဲ့ဒီမိန်းကလေးကို ချစ်မိသွားခဲ့တဲ့ မက်သရူး……ဖောက်ပြန်ခြင်းကို အချစ်လောက်ခေါင်းစဉ်တတ်ကြသူတွေကြောင့် ဘဝတွေပျက်ခဲ့ရတဲ့ မိသားစုနှစ်စု….မိဘတွေရဲ့ မပြေလည်မှုရန်ပွဲတွေကြားက မြေစာပင်ဖြစ်ခဲ့ရတဲ့ သားသမီးတွေရဲ့အဖြစ်အပျက်တွေ….အကြောင်းအရာပေါင်းစုံကို ရသစုံခံစားကြည့်ရှုရမယ့် ပြင်သစ်ဇာတ်ကားကောင်းတစ်ကားပါ….