Breathing In FHD

Breathing In

Drama Horror Thriller FHD 2023-10-18 5 105 Min

ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror Drama ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ နောက်ခံအချိန်ကာလက ၁၉၀၀ ပြည့်နှစ်ဝန်းကျင် တောင်အာဖရိက ဘိုဝါစစ်ပွဲအချိန်ကာလကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒဏ်ရာရ အင်္ဂလိပ် စစ်ဗိုလ်မှူးတစ်ယောက်က အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ သမီးငယ်လေးရဲ့ တဲအိမ်မှာ ခိုလှုံဒဏ်ရာကုသနေတာနဲ့ အစချီထားပါတယ်။ မှောင်မည်းပြီး Creepဖြစ်တဲ့ ရိုက်ကွက်တွေနဲ့အတူ တခြား Horror ကားတွေနဲ့မတူတဲ့တင်ဆက်မှုလို့ ပြောလို့ရတာက ဇာတ်လမ်း plot ကသိပ်ပြီးတိတိကျကျ ရေရေရာရာ မရှိတဲ့အပြင် တစ်နေရာတည်းမှာပဲ ဇာတ်လမ်းကိုရိုက်ကူးပြသွားတာပါ။ဒါပေမယ့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဖြစ်တဲ့ စိတ်ဖိစီးမှုတွေရူးသွပ်မှုတွေနဲ့ ပညာသည်လို့ ယူဆရတဲ့ အမျိုးသမီးနဲ့သူ့သမီးငယ်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကကောင်းမွန်လှပါတယ်။ပြူးပြူးပြဲပြဲခြောက်လှန့်မှုမျိုးမဟုတ်ဘဲ ကြည့်ရှုသူရဲ့ စိတ်ကို Edgy ဖြစ်နေအောင်တင်ဆက်ရိုက်ကူးနိုင်တာလို့ ပြောရမယ် ထင်ပါတယ်။ခြုံငုံပြီး သုံးသပ်ရရင်တော့ ဘယ်လိုစစ်ပွဲမဆိုအနိဌာရုံတွေမြင်ရတာများတဲ့ အခါမှာ လူတွေရဲ့ စိတ်ဟာ ကုစားမရတဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ရှင်သန်မှု တစ်ခုတည်းအတွက်နောက်ဆုံးထွက်သက်အထိ ရုန်းကန်ကြိုးစားရတယ်ဆိုတဲ့မက်ဆေ့ကိုပေးချင်တယ်လို့ပဲ မြင်ပါတယ်…။