ဟာပါလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကလေးမလေးတစ်ယောက်ဟာ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း အရမ်းကလန်ကဆန်လုပ်ပါတယ်။ကျောင်းမှာလည်း မိန်းကလေးမတန်ရန်တွေဖြစ် ကိုယ်ထိလက်ရောက်ပါ ပြန်တုံ့ပြန်တတ်ပါတယ်။ ဒါကို မိဘတွေကလည်း ခဏခဏဆုံးမနေရတော့ စိတ်ညစ်လာကြပါတယ်။ဟာပါလည်း စိတ်ညစ်ရိုးရိုးကိုယ်သာတခြားလူဖြစ်သွားရင်ကောင်းသားဆိုတဲ့အတွေးမျိုးတွေးပြီး စိတ်ဆိုးဆိုးနဲ့အိပ်ယာဝင်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာတော့ ဟာပါဟာသူ့ရဲ့ဆယ်ကျော်သက်ခန္ဓာမှာမဟုတ်တော့ဘဲ ထူးဆန်းတဲ့လူတစ်ယောက်ကိုယ်ထဲကိုရောက်သွားပါတယ်။သူများရဲ့ကုတင် သူများရဲ့အိပ်ယာပေါ်မှာနိုးလာခဲ့တဲ့ဟာပါဟာ ကြောက်လန့်တကြားဖြစ်ပြီးသူ့မိဘရှိရာအိမ်ကို အသည်းအသန်ပြန်သွားခဲ့ပါတယ်။ဖြစ်ချင်တော့ ဟာပါတို့နေခဲ့တဲ့အိမ်မှာသူ့မိဘတွေရှိမနေပါဘူး ဒီလိုနဲ့ ဟာပါဟာ စိတ်ပျက်ပျက်နဲ့ အိပ်လိုက်ပါတယ်။ထပ်နိုးလာပြန်တဲ့အချိန်မှာလည်းပဲဟာပါဟာ နောက်လူတစ်ယောက်ကိုယ်ထဲထပ်ရောက်သွားတာပါ။ဒီလိုနဲ့ တစ်ရက်အိပ်တစ်ကိုယ်ရောက်နေတဲ့ ဟာပါဟာ ကြာလာတော့ စိတ်မသာညည်းတွားပြီး သူ့ရဲ့အရင်ဘဝကိုပါမေ့တော့မလိုဖြစ်ပါတယ်အဲဒီအချိန်ကျမှ နောင်တဆိုတဲ့သဘောသဘာဝကို သင်ခန်းစာရစပြုလာပါတော့တယ်။