Bart Bagalzby and the Garbage Genie HD

Bart Bagalzby and the Garbage Genie

Family Fantasy Music HD 2025-01-10 5 0 Min

ဘာ့ထ်လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ ဂီတနောက်ခံရှိတဲ့မိသားဟုအသိုင်းအဝိုင်းကနေလာခဲ့တာပါ။ဂန္တဝင်ဂီတမျိုးရိုးကိုပိုင်ဆိုင်ထားတဲ့ဘာ့ထ်ဟာ သူ့ရဲ့ ဖခင်တိုက်တွင်းရာသံစုံသီချင်းအဖွဲ့ထဲမပါဘဲ ၁၉၉၀ နှောင်းပိုင်းမှာ ခေတ်ထခဲ့တဲ့ ရော့ခ်တီးဝိုင်းနဲ့ နာမည်ကြီးချင်တာပါ။ဒီလိုနဲ့ တစ်နှစ်တစ်ခါပြိုင်လေ့ရှိတဲ့ တီးဝိုင်းပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက် ကျောင်းတွင်းတီးဝိုင်းကနေလူရွေးပွဲကိုဝင်ပြိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ကျောင်းသားသစ်တစ်ယောက်ကနေ သူ့ကိုကျောသွားတာပါ။ဒီလိုနဲ့ စိတ်ပျက်ရင်း ပြန်လာတဲ့အချိန်မှာတော့ လမ်းမှာ အကျယ်ချုပ်မိနေတဲ့ဂျင်နီတစ်ကောင်နဲ့တွေ့သွားပါတယ်။ဂျင်နီကလည်း ဘာ့ထ်ရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲ ဒါ့အပြင် ဘာ့ထ်ကရော ဂျင်နီ့ကိုပါ ဘယ်လိုပြန်ပြီးအကျိုးပြုပေးသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။