မင်းသမီးချောလေး Meenaakshi Chaudhary ပါဝင်ထားတဲ့ဟာသအက်ရှင် ဇာတ်လမ်းကောင်းလေးတစ်ကား ထပ်မံထွက်ရှိလို့လာခဲ့ပါပြီ။442အမေရိကရဲ့ ထိပ်တန်းကုမ္ပဏီကြီးရဲ့ စီအီးအိုဖြစ်တဲ့ အိန္ဒိယနိုင်ငံသားမစ္စတာအာကယ်လာဟာ အိန္ဒိယပြည်ကို အလည်ပြန်လာတဲ့အချိန်မှာနိုင်ငံတွင်းက ဝန်ကြီးတွေဟာ သူတို့တာဝန်ယူရတဲ့ နယ်မြေမှာကုမ္ပဏီအလုပ်အကိုင်အခွင့်အလမ်းတွေ များလာအောင်လို့မစ္စတာအာကယ်လာကို ဖိတ်ခေါ်နိုင်ဖို့အတွက်အလုအယက်တောင်းဆိုကြပါတော့တယ်။အဲဒီမှာပဲ ဝန်ကြီးကီရှေ့ဗ်ဟာ အစိုးရကို ဆန့်ကျင်ပြီးတော့သူ့ပြည်နယ်ကို မစ္စတာအာကယ်လာ့ကို ခေါ်ယူပြီး ဧည့်ခံပါတော့တယ်။ဒီလိုဧည့်ခံနေတုန်းမှာပဲ မစ္စတာအာကယ်လာတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ကိစ္စအကြီးကြီးဖြစ်ပွားသွားပြီးတဲ့နောက်မှာ ဒီသတင်းကို မပေါက်ကြားစေဘဲမစ္စတာအာကယ်လာကို ကယ်တင်နိုင်ဖို့ ဝန်ကြီးတစ်ယောက် ခေါင်းစားရပါတော့တယ်။ဒီလိုနဲ့ မစ္စတာအာကယ်လာကို ကယ်တင်ပေးဖို့အတွက် အတော်ဆုံးသူကိုရှာတဲ့အခါရာဂျူလို့ခေါ်တဲ့ အရာရှိကို ရွေးချယ်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူဟာမှန်မှန်ကန်ကန်ပဲ လုပ်တတ်တဲ့အတွက်နဲ့ အထက်ကလူတွေဟာသူတို့စကားနားမထောင်တဲ့အကြောင်းပြချက်နဲ့ ရာထူးကနေ ဆိုင်းငံ့ထားလိုက်တာကြောင့်သူ့တည်နေရာကို မသိရှိဘူးဖြစ်နေကြပါတယ်။သို့ပေမဲ့လည်း မစ္စတာအာကယ်လာရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့အရာရှိမီနာရှာဟာ ရာဂျူနဲ့ ရည်းစားဟောင်းတွေဖြစ်နေခဲ့ပြီး သူသာခေါ်လိုက်ရင်သေချာပေါက်လာမယ်ဆိုပြီး ပြောတဲ့အတွက် စိတ်အေးသွားရပါတော့တယ်။ဒီလိုနဲ့ပဲ အရာရှိမီနာရှာတစ်ယောက် ရာဂျူကို ဘယ်လိုရှာဖွေသွားမလဲ ….တွေ့ပြီးတဲ့နောက်မှာရော မစ္စတာအာကယ်လာ့ကို ကယ်တင်ဖို့အတွက်ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့အခွီလေးတွေနဲ့အတူ အက်ရှင်ခပ်မိုက်မိုက်တွေကိုပါ ကြည့်ရှုရမဲ့ဟာသအက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။