သူ့အကို သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ Kyle ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူ့အကိုရဲ့ အရိုးပြာကို ကြဲဖို့ Keys မြို့ကို သွားဖို့ အကြောင်းဖန်လာပါတယ်။သူ့ အကိုရဲ့ သူငယ်ချင်းတွေ နဲ့အတူ ကားနဲ့သွားဖို့ လုပ်ထားခဲ့ပေမဲ့ လေယာဉ်နဲ့ သွားဖို့ ဖြစ်လာပါတယ်။သူတို့ ငှားမိတဲ့ လေယာဉ်က တရားမဝင်လမ်းကြောင်းကနေ ပျံသန်းတဲ့ လေယာဉ်ဖြစ်ပြီး လေယာဉ်က သက်တမ်းကြာရင့်နေတဲ့လေယာဉ်ဖြစ်တာကြောင့် ပျက်ကျခဲ့ပါတယ်။သူတို့ ဟာ မိကျောင်းတွေ ကြီးစိုးတဲ့ ရေအိုင်ငယ်တွေ အများကြီး ရှိတဲ့ နေရာကို ပျက်ကျခဲ့ပါတယ်။အဲ့ဒီနေရာမှာ ရှိနေတဲ့ မိကျောင်းတွေက ဘာလို့ ရန်လိုနေတာလဲဘာလို့ သာမာန် မဟုတ်တာလည်း ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရှူစားလိုက်ကြပါခင်ဗျာ။