ဒီတစ်ခေါက်တော့ ရှောင်းဝမ်ဆိုတဲ့ ကောင်မလေးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဘတ်ဂျက်အွန်လိုင်းကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…ဇာတ်လမ်းလေးကတော့…ရှောင်းဝမ်တစ်ယောက်ဟာ လမ်းလျှောက်နေရင်း တစ်နေရာမှာ ရုတ်တရက်ကြီးဆိုသလိုအိမ်တစ်အိမ်က ခွေးတစ်ကောင်ရန်မူတာကို ခံလိုက်ရတာနဲ့စတာပဲ…ဟုတ်ပါတယ်… ဒီခွေးက သူ့ကို ရန်မူဖို့ကြိုးစားတာနဲ့အတူ ဒီခွေးလေးကသခင်ကို အကာအကွယ်ကြီးတယ်ဆိုတာကိုပါ မြင်တွေ့ခဲ့ရတဲ့ရှောင်းဝမ်အတွက် ဒီခွေးလေးကို သံယောဇဉ်ဖြစ်ခဲ့တယ်…ဒါကြောင့်လည်း သူ့သခင်ဆုံးပါးသွားတော့ သူယူပြီး မွေးဖို့ကြိုးစားခဲ့တယ်…ကိုယ်တိုင်က ဆင်ခြေဖုံးရပ်ကွက်လေးက တိုက်ခန်းလေးမှာ သူများတွေနဲ့ မျှပြီး ငှားနေတော့…တိုင်ကြားခံရတာတွေ ဆန့်ကျင်ကြတာတွေ ရင်ဆိုင်ခဲ့ရတာပေါ့…ဒီလိုနဲ့ တစ်ဆင့်ချင်း ခွေးတစ်ကောင်ကို တာဝန်ယူမွေးဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရတယ်…ဘာတွေလိုအပ်တယ်ဆိုတာလေးတွေနဲ့အတူ…ဒီခွေးလေးကြောင့် တက္ကသိုလ်အပြီး ဘာအလုပ်လုပ်ရမယ်မသိဘဲမနက် ၉ ည ၅ လုပ်ငန်းထဲ ပစ်ဝင်မိခဲ့တဲ့ ရှောင်းဝမ်တစ်ယောက်ရဲ့ ဘဝလေးအထီးမကျန်တော့ဘဲ လမ်းကြောင်းမှန်လေးတစ်ခုပေါ်လာခဲ့တော့တယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့…ခွေးချစ်သူလေးတို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်ဒီတစ်ခေါက်တော့ ရှောင်းဝမ်ဆိုတဲ့ ကောင်မလေးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဘတ်ဂျက်အွန်လိုင်းကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…ဇာတ်လမ်းလေးကတော့…ရှောင်းဝမ်တစ်ယောက်ဟာ လမ်းလျှောက်နေရင်း တစ်နေရာမှာ ရုတ်တရက်ကြီးဆိုသလိုအိမ်တစ်အိမ်က ခွေးတစ်ကောင်ရန်မူတာကို ခံလိုက်ရတာနဲ့စတာပဲ…ဟုတ်ပါတယ်… ဒီခွေးက သူ့ကို ရန်မူဖို့ကြိုးစားတာနဲ့အတူ ဒီခွေးလေးကသခင်ကို အကာအကွယ်ကြီးတယ်ဆိုတာကိုပါ မြင်တွေ့ခဲ့ရတဲ့ရှောင်းဝမ်အတွက် ဒီခွေးလေးကို သံယောဇဉ်ဖြစ်ခဲ့တယ်…ဒါကြောင့်လည်း သူ့သခင်ဆုံးပါးသွားတော့ သူယူပြီး မွေးဖို့ကြိုးစားခဲ့တယ်…ကိုယ်တိုင်က ဆင်ခြေဖုံးရပ်ကွက်လေးက တိုက်ခန်းလေးမှာ သူများတွေနဲ့ မျှပြီး ငှားနေတော့…တိုင်ကြားခံရတာတွေ ဆန့်ကျင်ကြတာတွေ ရင်ဆိုင်ခဲ့ရတာပေါ့…ဒီလိုနဲ့ တစ်ဆင့်ချင်း ခွေးတစ်ကောင်ကို တာဝန်ယူမွေးဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရတယ်…ဘာတွေလိုအပ်တယ်ဆိုတာလေးတွေနဲ့အတူ…ဒီခွေးလေးကြောင့် တက္ကသိုလ်အပြီး ဘာအလုပ်လုပ်ရမယ်မသိဘဲမနက် ၉ ည ၅ လုပ်ငန်းထဲ ပစ်ဝင်မိခဲ့တဲ့ ရှောင်းဝမ်တစ်ယောက်ရဲ့ ဘဝလေးအထီးမကျန်တော့ဘဲ လမ်းကြောင်းမှန်လေးတစ်ခုပေါ်လာခဲ့တော့တယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့…ခွေးချစ်သူလေးတို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်