ဒီရုပ်ရှင်ကို ဒါရိုက်တာ Jamie Adams က ရိုက်ကူးထားပြီးComedy/ Family-drama ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Charlie ဆိုတဲ့ မိန်းကလေးတစ်ယောက်သူ့ယောက်ျားနဲ့အတူ ယောက်ျားမိသားစုအိမ်ဆီ ခရစ္စမတ်အတွက် အလည်သွားကြပါတယ်။Charlie က သူ့မိသားစုနဲ့ အဆင်မပြေခဲ့ပေမယ့်ယောက်ျားမိသားစုနဲ့တော့ တော်တော်လေးအဆင်ပြေခဲ့ပါတယ်။ဒါနဲ့ တစ်ရက်ကြ ယောက်ျားဖြစ်သူရဲ့ အမေ(Mary) ဟာ ဆုံးပါးသွားခဲ့ပါတယ်။Charlie လည်း Mary ကို အရမ်းချစ်ခဲ့ပါတယ်။Mary ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ယောက်ျားဖြစ်သူရဲ့မိသားစုဟာ အရင်လိုမဟုတ်ကြတော့ပါဘူး။ဒါကြောင့် ယောက်ျားဖြစ်သူမိသားစု အရင်လိုပြန်ဖြစ်ဖို့ အတွက်Charlie တစ်ယောက် ကြိုးစားတဲ့အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။