ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို နာမည်ကြီးအက်ရှင်မင်းသားScott Adkins ရဲ့ ဇာတ်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Scott Adkins ဟာဆိုရင် တခြားနာမည်ကျော် Action movie တွေဖြစ်တဲ့John Wick: Chapter 4, IP Man 4 စတဲ့ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ဖူးပြီးတော့ အခုတစ်ခါမှာလည်း အက်ရှင်အကြမ်းစားတွေပါဝင်တဲ့ ဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါတယ်။သူနဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ Jack Parr, MadalinaBellariu Ionတို့က ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ကြေးစားစနိုက်ပါလူသတ်သမားတစ်ယောက်ဟာ ကြေးစားဘဝကနေ အငြိမ်းစားယူဖို့အတွက်နောက်ဆုံးမစ်ရှင်တစ်ခုကို လုပ်နေတုန်းမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်သွားပြီးတော့အန္တရာယ်တောထဲကနေ ရုန်းထွက်ပုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကြရမှာပါ။Action Scene တွေကကြည့်လို့ကောင်းပြီးတော့ Plot twist တွေနဲ့အတူဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။IMDb မှာလည်း Rating အသင့်အတင့်ရထားတာကြောင့် Action Genre ကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေ သဘောကျလောက်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။