ရယ်ရယ်မောမော ဟာသလေးကိုမှ သဘာဝလွန် သည်းထိတ်ရင်ဖိုဇာတ်ကွက်လေးတွေပါ ရောနှောပါဝင်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဘွန်နီဟာ အလိုလိုက်ခံ သူဌေးသားလေးပီပီ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေသူတစ်ဦးပါ။ရည်မှန်းချက်ဘဝအိမ်မက်ရယ်လို့လည်း မရှိဘဲ ရန်ဖြစ်လိုက် ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။အိမ်မွေးတိရစ္ဆာန် ဆက်စပ်ပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်ထားတာကလွဲလို့ကောလိပ်ကလည်းထွက်လိုက်ရပြီး ရန်ဖြစ်သောက်စားနေတဲ့သူတို့သားကို မိဘတွေက စိတ်မချတော့ပါဘူး။အဲဒီမှာ ဘွန်နီရဲ့ယောက်ဖဖြစ်သူ အောင်သွယ်တော် မြားနတ်မောင် အေဂျင်စီ ထောင်ထားသူသွန်မ်စန်ကို အပူကပ်ကြပါတော့တယ်။သွန်မ်စန်ကလည်း နားအေးရင်ပြီးရောဆိုပြီး ဘွန်နီကိုစတီဖင်ဆိုတဲ့ကောင်မလေးနဲ့တွေ့ပေးဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ဘွန်နီက စတီဖင်ကိုတွေ့တွေ့ချင်း သဘောကျသွားပြီးသူတို့အဆင်ပြေသွားရာက လက်ထပ်ဖြစ်သွားပါတယ်။စတီဖင်က မိခင်ဆုံးပါးသွားရှာပါပြီ။သူက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့အိမ်မက်နဲ့ ပညာသင်ဆုတွေလျှောက်ထားပြီးာကြိုးစားသူလေးတစ်ဦးပါ။သူ့ဖခင်ကလည်း စည်းကမ်းတင်းကြပ်တဲ့ အငြိမ်းစား သင်္ချာပါမောက္ခဖြစ်နေပါတယ်။ဘွန်နီကသူတို့အိမ်ထောင်ရေးမှာ စည်းကမ်းတင်းကြပ်တဲ့စတီဖင်ရဲ့ဖခင်နဲ့ပဲ ရင်ဆိုင်ရမယ်ထင်ခဲ့တာပါ။တကယ်တမ်းကျ စတီဖင်ရဲ့ သေဆုံးသွားတဲ့မိခင်က မကျွတ်လွတ်သေးဘဲသူတို့အိမ်ထောင်ရေးကိုလည်း သဘောမတူနိုင်ဖြစ်ပြီးတော့ လိုက်ခြောက်လှန့်ပါတော့တယ်။အလိုလိုက်ခံသူဌေးသားလေးရဲ့ ဘာလုပ်လုပ်တလွဲတွေဖြစ်နေပုံနဲ့ယောက္ခမရဲ့ တမလွန်ကကန့်ကွက်မှုကို တွန်းလှန်ပုံတို့ကို ရယ်မောလိုက်သည်းထိတ်ရင်ဖိုဖြစ်လိုက်နဲ့ ရိုလာကိုစတာစီးသလို ကြည့်ရှုခံစားရမှာပါ။