ဒီကားထဲက မင်းသား Adam Slander ကို အတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။သူရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲအူတူတူအတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ… သို့ပေမဲ့ ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့နှုတ်ခမ်းတွေကို ပြုံးပျော်နိုင်စေသလို နှလုံးအိမ်ကိုလည်းဝမ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်….ဒီကားလေးမှာလည်း အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ…ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကိုပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ဒီကားလေးကိုကြည့်လိုက်ပါနော်…..စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်…..