အားလုံးကတော့ ဘဝမှာ ဖောက်ပြန်ခံရတဲ့အတွေ့အကြုံကိုကိုယ်တိုင်ကိုယ်ကျ မဟုတ်ရင်တောင် ကိုယ့်အနီးအနားကသူတွေကြုံတွေ့ရတာမျိုး မြင်ဖူးတွေ့ကြုံဖူးကြလိမ့်မှာပါ။ ဒီဇာတ်ကားလေးကတော့ ရိုးရိုးရှင်းရှင်းပါပဲ။အချစ်မှာနစ်မွန်းနေတဲ့ အချစ်ရူးမလေး ကိတ်တီကတစ်နေ့မှာတော့ သူမချစ်သူကို အိမ်မှာနေဖို့ခေါ်လာခဲ့ပါတယ်…အဲဒီအချိန်မှာပဲအထီးကျန်ဆန်မှုတွေနဲ့ ကိတ်တီရဲ့အမေဖြစ်သူ နန်စီကသမီးဖြစ်သူရဲ့ချစ်သူကောင်လေးနဲ့ သူငယ်ချင်းလိုရင်းနှီးလာခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ။သားသမီးနဲ့မိဘ သာယာပျော်ရွှင်မှုနဲ့ သားသမီးကြားမှာဘယ်လိုမျိုး ရှေ့ဆက်ကြမှာလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။