Koparan Kardeşler HD

Koparan Kardeşler

Comedy HD 2024-09-13 8.3 0 Min

အော်ဟန်နဲ့ နေလွန်တို့ ညီအစ်ကိုနှစ်ယောက်ကအုတ်ဂူတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းလုပ်ကြတာဖြစ်ပါတယ်။တစ်နေ့မှာ လုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး အလောင်းအုပ်တဲ့ပိတ်စတွေရောင်းတဲ့ လုပ်ငန်းကို စည်ပင်ရုံးမှာ တင်ဒါတင်ဖို့ဖြစ်လာပါတယ်။တင်ဒါတင်ရမယ့်နေ့မှာမှ ပိုက်ဆံရချင်တာပဲသိပြီး ကျန်တာ ဘာမှမသိတဲ့သူတို့ညီအစ်ကိုနှစ်ယောက် ပိုက်ဆံတွေ အလိမ်ခံရပြီး ပစ္စည်းတွေအခိုးခံရနဲ့ဒီကြားထဲ လူမိုက်ခေါင်းဆောင်နဲ့တွေ့လို့ အရိုက်ခံရပါသေးတယ်။ဒေါသကြီးတဲ့အစ်ကိုရယ် တုံးတုံးအအနဲ့ ဘာမှနားမလည်တဲ့ညီရယ်နဲ့ သူတို့ညီအစ်ကိုနှစ်ယောက် လွဲတာတွေကို ဟာသဆန်ဆန်ကြည့်ရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လွဲချက်ကကြည့်နေရင်းတောင် ဟယ် ဖြစ်သွား‌လောက်အောင် အပြောင်းအလဲတွေကလည်း များတာမလို့ကြည့်နေရင်း ပျင်းမှာတော့ သေချာပေါက်စိတ်ပူစရာမလိုပါဘူး။ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့်တူရကီကားလေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်အော်ဟန်နဲ့ နေလွန်တို့ ညီအစ်ကိုနှစ်ယောက်ကအုတ်ဂူတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းလုပ်ကြတာဖြစ်ပါတယ်။တစ်နေ့မှာ လုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး အလောင်းအုပ်တဲ့ပိတ်စတွေရောင်းတဲ့ လုပ်ငန်းကို စည်ပင်ရုံးမှာ တင်ဒါတင်ဖို့ဖြစ်လာပါတယ်။တင်ဒါတင်ရမယ့်နေ့မှာမှ ပိုက်ဆံရချင်တာပဲသိပြီး ကျန်တာ ဘာမှမသိတဲ့သူတို့ညီအစ်ကိုနှစ်ယောက် ပိုက်ဆံတွေ အလိမ်ခံရပြီး ပစ္စည်းတွေအခိုးခံရနဲ့ဒီကြားထဲ လူမိုက်ခေါင်းဆောင်နဲ့တွေ့လို့ အရိုက်ခံရပါသေးတယ်။ဒေါသကြီးတဲ့အစ်ကိုရယ် တုံးတုံးအအနဲ့ ဘာမှနားမလည်တဲ့ညီရယ်နဲ့ သူတို့ညီအစ်ကိုနှစ်ယောက် လွဲတာတွေကို ဟာသဆန်ဆန်ကြည့်ရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လွဲချက်ကကြည့်နေရင်းတောင် ဟယ် ဖြစ်သွား‌လောက်အောင် အပြောင်းအလဲတွေကလည်း များတာမလို့ကြည့်နေရင်း ပျင်းမှာတော့ သေချာပေါက်စိတ်ပူစရာမလိုပါဘူး။ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့်တူရကီကားလေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်