၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြောနိုင်ငံရေး လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲက လာတိုမာတီနာဆိုတာကတော့ဆိုရှယ်မီဒီယာမှာအခြေစိုက်တဲ့ အလွတ်တန်း သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။သတင်းဌာနဆိုပေမဲ့ အဲဒီသတင်းဌာနကို လူတစ်ယောက်တည်းက လည်ပတ်နေတာပါ။သူ့ရဲ့ သတင်းဌာနဟာ အစိုးရကိုဆန့်ကျင်ထောက်ပြတဲ့ဟောဟောဒိုင်းဒိုင်း သတင်းတင်ဆက်မှုတွေကြောင့်နိုင်ငံပိုင်သတင်းဌာနတွေထက်တောင် လူတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိလာပါတယ်။ဒါပေမဲ့ သူတင်တဲ့တချို့သတင်းတွေထဲမှာအစိုးရရဲ့ အထူးလျှို့ဝှက်အချက်အလက်တွေပါ ပါဝင်လာတာကြေင့်အစိုးရဘက်က အေးဂျင့်လေးယောက်ပါဝင်တဲ့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့ပြီသူ့ကို ထောက်လှမ်းဖို့ကြိုးစားရင်း နောက်ကွယ်ကရှုပ်ထွေးမှုတွေတဖြည်းဖြည်းပေါ်လာပုံကိုဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။