Undercover FHD

Undercover

Crime Drama Thriller FHD 2024-10-11 7.45 119 Min

ဘက်စကွက်ဒေသဟာ စပိန်ပြည်မကြီးကနေ ခွဲထွက်ပြီး တိုင်းပြည်ထူထောင်ချင်တဲ့ ဒေသဖြစ်ပြီးတော့ အဆိုပါ လက်နက်ကိုင်တော်လှန်မှုကို အီးတီအေ လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ကဦးဆောင်ပါတယ်။အီးတီအေ အဖွဲ့ဟာ ရဲအရာရှိတွေနဲ့ စပိန်နိုင်ငံကိုတိုက်ခိုက်မှုကြောင့် စပိန်အရပ်သားကာကွယ်ရေးတပ်ဖွဲ့ နဲ့စပိန်ရဲတပ်ဖွဲ့ဟာ အီးတီအေ အဖွဲ့ကို တိုက်ဖျက်ဖို့ အပြင်းအထန်ကြိုးစားလာပါဝောာ့တယ်။အီးတီအေ အဖွဲ့ထဲကို သူလျှိုတွေအမျိုးမျိုးထည့်ပေမဲ့လည်း ကြာကြာမခံပဲ အကုန်လက်စဖျောက်ခံရတဲ့အခါ စပိန်ရဲတပ်ဖွဲ့အနေနဲ့လည်း အကြပ်ရိုက်လာပါတော့တယ်။ဒီလိုနဲ့ပဲ နောက်ထပ်မစ်ရှင်တစ်ခုအဖြစ်စပိန်ရဲတပ်ဖွဲ့ကမိုနီကာမာရင် ဆိုတဲ့ ရဲအရာရှိမလေးကို အီးတီအေအဖွဲ့ကိုချဉ်းကပ်ဖို့ ဘက်စကွက်ဒေသကို စေလွှတ်ခဲ့ပါတယ်။အာရန်ချာ တဖြစ်လည်း သူလျှိုမလေးဟာဘက်စကွက်ဒေသမှာလျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း ဘယ်လိုခက်ခဲမှုတွေကြုံတွေ့ရမလဲဆိုတာကို ရင်ထိတ်စရာ ရှုစားကြရမှာပါ။