Căsătoria HD

Căsătoria

Comedy HD 2024-12-06 8 0 Min

အခုတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ရိုမေးနီးယားဟာသကားလေးတစ်ကားပဲဖြစ်ပါတယ်ကြားနေကျစကားသံမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ သိပ်မစိမ်းပါဘူး။ဘော်ဒါသုံးကောင်ပေါင်းပြီ မလည်ရှုပ်တွေရော အလည်ရှုပ်တွေရော လုပ်ကြရင်းတိုင်ပတ်နေကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ခရက်ချင်စကီနဲ့သူ့ဘော်ဒါနှစ်ကောင်ဟာအကြွေးတွေပတ်လည်ဝိုင်းလို့ ပိုက်ဆံရစရာဂွင်ဖန်ဖို့ကြံပါတော့တယ်။ဖြစ်ချင်တော့ အဲ့မြို့ကအချမ်းသာဆုံးဘောစိရဲ့ သမီးကို အိမ်ထောင်ချပေးမယ့်သတင်းကို သိလိုက်ရပါတယ်။သူဌေးသမီးဆိုလို့ ဖြူဖတ်အုအက်လေးမဟုတ်ပါဘူး။မျက်စိမှိတ်ကြည့်မှလှတယ်ဆိုတဲ့ ကျားကိုးစီးစားမကုန်တဲ့အချောလေးပဲဖြစ်ပါတယ်။ အကြံကုန် ဂဠန်ဆားချကိရုံတင်မကဆားစက်ရုံပါထောင်တဲ့ ခရက်ချင်စကီကသူဌေးယောင်ဆောင်ပြီး သူဌေးသမီးကိုပိုင်းလုံးလုပ်ဖို့ ကြံတဲ့အခါမှာတော့ ဘာတွေတလွဲလုပ်မလဲပရိသတ်ကြီးပဲ ဆက်ရှုစားကြဖို့ ပြောချင်ပါတယ်