Bonus Trip FHD

Bonus Trip

Action Comedy FHD 2024-04-16 8.3 80 Min

Jackie Chan နဲ့ Chris Tucker တို့ Tommy Lee Jones နဲ့Will Smith တို့ The Rock နဲ့ Kevin Hart တို့လိုမျိုးမင်းသားနှစ်ယောက်ပေါင်းပြီး အကောင်းဆုံးချပြခဲ့တဲ့အက်ရှင်ဟာသရုပ်ရှင်တွေကိုသဘောကျတဲ့သူတွေအတွက်အသစ်ထွက်ရှိထားတဲ့ Bonus Trip ဆိုတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့အရမ်းကြီးနာမည်ကြီးပြီးထောက်ပြစရာလိုတဲ့လူတွေတော့မပါကြပေမဲ့ ဥရောပမှာအချိန်ပေးပြီးဘက်ဂျက်ကောင်းကောင်းနဲ့သေချာရိုက်ကူးထားတာမျိုးဖြစ်တဲ့အတွက် ကြည့်ရအဆင်ပြေတဲ့ နောက်ထပ်နှစ်ယောက်ပေါင်းလောင်းကျော် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ နှစ်ယောက်ပေါင်းလောင်းကျော်ထဲကပထမဆုံးတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး သူ့နာမည်ကတော့မာရှယ်ဖြစ်ပါတယ်။မာရှယ်ရဲ့တာဝန်ကတော့ ဉာဏ်ရည်ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့သီချင်းတို့ ရုပ်ရှင်တို့ကို ခိုးကူးပြီးပြန်ဖြန့်တာတို့ပြန်သုံးစွဲတာတို့လုပ်တဲ့လူတွေကို လိုက်စုံစမ်းရတဲ့အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့်သူ့အတွက်အဲ့လိုအလုပ်ကြီးကအရမ်းပျင်းစရာကောင်းပြီးသူကိုယ်တိုင်ကလှုပ်လှုပ်ရှားရှားအက်ရှင်ဘ၀ကိုကြိုက်တဲ့သူဖြစ်တဲ့အတွက် တာဝန်ပေးလိုက်တိုင်း ခုတ်ရာတခြားရှရာတလွဲအမြဲတမ်းဖြစ်နေသူဖြစ်ပါတယ်အဲ့လိုအလွဲတွေလုပ်နေပေမဲ့လည်း သူ့အထက်အရာရှိသူငယ်ချင်းရဲ့ တူဖြစ်နေတဲ့အတွက် ဘာမှလုပ်မရတော့ခေါင်းခဲနေရာကနေ ဥရောပမှာ ခိုးကူးအမှုကိုသွားစုံစမ်းဖို့တခြားဌာနကအရာရှိတစ်ယောက်နဲ့အတူတာဝန်ပေးလိုက်ပါတော့တယ်။နောက်တစ်ယောက်ကလည်းသူနဲ့နည်းတူ Youtuber တလွဲဆရာကြီးဖြစ်တဲ့အတွက် နှစ်ယောက်လုံးငါ့လက်ကလွတ်ဗြွတ်ဆိုပြီးဥရောပကိုလွှတ်လိုက်ရာကနေမှ ခိုးကူးကိစ္စထက်ပိုဆိုးတဲ့ ရာဇဝတ်မှုတွေနဲ့သွားပတ်သတ်မိတဲ့အခါမှာတော့ ဆရာကြီး ၂ ယောက်သားဘယ်လိုတွေတလွဲတွေလုပ်ပြီးဘယ်လိုအမှုတွေကိုဖြေရှင်းသွားဦးမလဲဆိုတာကိုရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။