ဒီဇာတ်ကားကတော့ ဒါရိုက်တာ Amy Barrett ရိုက်ကူးထားပြီးJessica Morris, Rib Hillis, Natalie Daniels စတဲ့ မင်းသား၊မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thrillerသည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ဒီကားအစမှာတော့ ဂျင်မ်နဲ့ ဘက်ကီတို့က ရန်အမြဲဖြစ်နေကြတဲ့စုံတွဲတွေဖြစ်ပါတယ်။ ဂျင်မ်ကအလုပ်ပဲလုပ်နေတယ်လို့ ဘက်ကီကထင်ပြီးတော့ ဘက်ကီက အမြဲရန်လုပ်နေလို့ ဂျင်မ်ကစိတ်ပျက်နေတာပါ။ဒီလိုနဲ့ သူတို့စကားများပြီးနောက်မှာ ဘက်ကီကသူငယ်ချင်းဖြစ်တဲ့ ပေါလီနာနဲ့ ဘားမှာသောက်ဖို့ချိန်းရင်းအိမ်ထောင်ရေးအကြောင်း ရင်ဖွင့်ပါတယ်။ပေါလီနာက သူတို့လင်မယားလည်းအဆင်မပြေလို့စုံတွဲတွေဆက်ဆံရေးအဆင်ပြေဖို့ အကြံပေးဆွေးနွေးပေးမယ့် အပန်းဖြေစခန်းတစ်ခုကို သွားဖို့အကြံပေးလိုက်တဲ့အခါ သူငယ်ချင်းစုံတွဲနှစ်တွဲလုံး စခန်းဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ဝေးပြီးခေါင်တဲ့စခန်းကြောင့်ဂျင်မ်က သိပ်သဘောမကျသလိုပေါလီနာယောကျ်ား ဖေးလ်က ဘက်ကီနဲ့ဇာတ်လမ်းရှိဖူးခဲ့တာကိုသိနေခဲ့ပါတယ်။အဲဒီနောက် အပန်းဖြေစခန်းက တာဝန်ခံကလည်း ဘက်ကီကိုကြိုက်သွားခဲ့ပြန်ပါတယ်ဒီလိုနဲ့ဇာတ်လမ်းတွေရှုပ်လာတဲ့အချိန် စခန်းချသွားရင်း ဖေးလ်တစ်ယောက် ပျောက်သွားတဲ့အခါ…စခန်းကိုပြန်ရောက်တဲ့အချိန် ကျန်တဲ့သူတွေမရှိတော့ဘဲသူတို့စုံတွဲနှစ်တွဲပဲ ကျန်နေပြီး တာဝန်ခံဖြစ်တဲ့အယ်လန်ကလည်းအသတ်ခံလိုက်ရတဲ့အခါ…ဘယ်သူကလူသတ်သမားလဲ…ဘာတွေဆက်ဖြစ်မှာလဲ…သူတို့တွေရော လွတ်မြောက်သွားနိုင်မလား…ရင်ခုန်စွာနဲ့ မထင်မှတ်ထားတဲ့ plot twiတွေကိုဖြေရှင်းရင်းကြည့်ရှုခံစားရမှာပါ။