ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Romance/Comedy အမျိုးအစား စပိန်စကားပြောရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်…ဒီကားလေးဟာဆိုရင် ကွာရှင်းလုနီးလင်မယားနှစ်ယောက်ဆီဖူးစာရေးနတ်ကျူးပစ်ရောက်လာပြီး ၎င်းတို့ရဲ့ မပြေလည်တဲ့ပစ္စုပ္ပန်အချစ်ခရီးကို ပြင်ဆင်ဖို့အတွက် အတိတ်ဆီအချိန်ခရီးသွားကာ ကူညီပို့ဆောင်ပေးမယ့် အကြောင်းလေးကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်…Carlos နဲ့ Elena ဟာ ဆယ်ကျော်သက်အရွယ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးတစ်ခုတည်ထောင်ခဲ့ကြသူတွေဖြစ်ပါတယ်..အချစ်တွေအပြည့်နဲ့စတင်ခဲ့တဲ့သူတို့ရဲ့ အချစ်ခရီးလမ်းဟာအိမ်ထောင်ပြုအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် အရင်ကသဘောကျခဲ့တဲ့ အရာတွေဟာ အခုအချိန်မှာလုံးဝသည်းမခံနိုင်စရာတွေဖြစ်ကာလာပါတော့တယ်Elena ဟာ ဂီတသမားတစ်ယောက်ဖြစ်ပြီး Carlos နဲ့စတင်တွေ့ဆုံခဲ့တဲ့နေရာဟာလည်း Carlos နှစ်ခြိုက်ခဲ့တဲ့ဂီတပွဲတစ်ခုသာဖြစ်ပါတယ်သို့သော်လည်းအိမ်ထောင်ပြုပြီးချိန်မှာတော့ အရင်ကသဘောကျခဲ့တဲ့Elena ရဲ့ဂီတတွေဟာ Carlos အတွက်လက်မခံနိုင်စရာဖြစ်လာတဲ့အပြင် နေအိမ်အတွင်း သီချင်းမဖွင့်ရစည်းမျဉ်းတွေပါထုတ်လာကာဖူးစာရေးနတ်ရဲ့အမှားအယွင်းသာဖြစ်ကြောင်း အပြစ်ပုံချပြီးကွာရှင်းဖို့အထိဖြစ်လာခဲ့ပါတယ်..၎င်းတို့နှစ်ယောက်ကွာရှင်းစာချုပ်ပေါ်လက်မှတ်ထိုးတော့မယ့်အချိန်မတိုင်မီမှာလေးမှာပဲ ကျူးပစ်လို့ အမည်ခံတဲ့ ထူးထူးဆန်းဆန်းလူတစ်ယောက် အိမ်ထဲကို ရုတ်တရက်ရောက်ရှိလာပြီး သူ့အမှားမဟုတ်ကြောင်း ငြင်းဆိုလျက် Carlos နဲ့ Elenaတို့ရဲ့ ငယ်ဘဝဆီအချိန်ခရီးနဲ့ လိုက်လံပို့ဆောင်ပေးပြီး နှစ်ယောက်သားချစ်ကျွမ်းမဝင်အောင် ကြိုးပမ်းခြင်းဖြင့် ပစ္စုပ္ပန်ကိုပြုပြင်နိုင်ကြောင်း စိန်ခေါ်ပါတော့တယ် ထိုသို့နှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက၁၉၉၄ ခုနှစ်ရဲ့Carlos နဲ့ Elena တို့ တွေ့ဆုံချိန် ရက်တစ်ရက်ဆီ ရောက်သွားတဲ့အခိုက် ဆယ်ကျော်သက်အရွယ် ကိုယ်စီကို မြင်ကြရတဲ့အခါမှာတော့……ဒီကားလေးမှာဆိုရင် အိမ်ထောင်ရေးရဲ့ဖြစ်တတ်တဲ့သဘာဝနဲ့ပြောင်းလဲခြင်းတရားတွေအကြောင်းကို ရိုမန့်တစ်ဆန်စွာလက်တွေ့ကျကျရိုက်ကူးပြသထားပြီး တစ်ယောက်ဘဝထဲတစ်ယောက်ရောက်ရှိလာစက အချစ်မီးတောက်များဟာအိမ်ထောင်ရေးဘဝမှာ ငြိမ်းသွားနိုင်ကြောင်း ချစ်ခင်ခဲ့ကြချိန်မူလအစက တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်အောက်မေ့ရင်း အနည်ထိုင်သွားတဲ့ အချစ်တွေကိုလှုပ်နှိုးနိုင်ဖွယ်တင်ဆက်ပုံဖော်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ………