The Dead Thing FHD

The Dead Thing

Horror Thriller FHD 2025-02-11 5.5 94 Min

Horror ပရိသတ်ကြီးကို ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက သာမန်သရဲကားတွေလို ပြူးပြူးပြဲပြဲခြောက်လှန့်ပြနေတဲ့ ဇာတ်ကား အမျိုးအစားမျိုး မဟုတ်ဘဲနေ့စဉ်နေ့တိုင်းလုပ်နေကျအလုပ်တွေကိုပဲအသက်မပါ အပ်ကြောင်းထပ်အောင်လုပ်နေရင်း ပိတ်မိနေတဲ့ ခံစားချက်တွေ၊ လှပတဲ့ ချစ်ခြင်းမေတ္တာဟာ စွဲလန်းတပ်မက်ခြင်း အစွန်းရောက်သွားတဲ့အခါမှာtoxic ဆက်ဆံရေးတစ်ခုလို ပြောင်းလဲသွားပြီးကိုယ်တိုင်ပျောက်ဆုံးသွားရတဲ့ ခံစားချက်တွေကို ထင်ဟပ်ရိုက်ကူးထားတဲ့ ဇာတ်ကား တစ်ကားပါ။ဇာတ်ကြောင်းက အဲလက်စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးပိုင်းစာရွက်စာတမ်းတွေကိုစကင်ဖတ်ပေးရတဲ့ အလုပ်ကို ညဆိုင်း လုပ်ကိုင်ပါတယ်။တစ်နေ့တော့ “ဖရစ်ရှင်” ဆိုတဲ့ အင်တာနက် ဒိတ်တင်အက်ပ်တစ်ခုကနေ ကိုင်လ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဒိတ်ဖြစ်ခဲ့ပါတယ်။ ခါတိုင်းသူတွေနဲ့ မတူဘဲ ခံစားချက်ချင်းတူညီပြီး ကြင်နာတတ်ပုံရတဲ့ ကိုင်လ်ကို အဲလက်စ်က ချစ်မိသွားပြီး နောက်ထပ် တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့်ကိုင်လ်ဘက်ကတုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစွဲအလန်းကြီးတဲ့ အဲလက်စ်တစ်ယောက်ကိုင်လ်ကို အမှတ်မထင် ဘားတစ်ခုမှာ တခြားကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတာကို တွေ့ခဲ့ပြီးနောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကိုင်လ် အလုပ်လုပ်တယ် ဆိုတဲ့ စားသောက်ဆိုင်မှာသွားပြီး ကိုင်လ်အကြောင်း စုံစမ်းခဲ့တဲ့ အဲလက်စ်တစ်ယောက်သူမ လုံးဝထင်မထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကိုသိလိုက်ရပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့အားပေးကြည့်ရှု ကြည့်ပါဦး ခင်ဗျ….။