ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…ဒီဇာတ်ကားလေးမှာဆိုရင် အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို မော်ရစ်တီးယပ်စ်ကျွန်းအလှအပများကို နောက်ခံပြုကာ ဟာသနှော ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်..Lucas Duvivier တစ်ယောက်ဟာလက်ထပ်ပွဲမှာတင်ရည်းစားဟောင်းဆီပြန်သွားသော သတို့သမီး ထားသွားတာခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်…သတို့သမီးမရှိတော့သောကြောင့် မင်္ဂလာပွဲပျက်သွားသော်လည်းငွေပေးချေပြီးပြီဖြစ်သောဟန်းနီးမွန်းခရီးစဉ်ဟာ ငွေလည်းပြန်မအမ်းတော့တာမို့ အရှုံးမခံဘဲသွားရာမှာ Lucas ဟာမိခင်ဖြစ်သူကိုပါ ခေါ်ဆောင်ခဲ့ရပါတယ်…အရွယ်ချင်းမတူတဲ့ မင်္ဂလာမောင်နှံလို့ယူဆနေတဲ့ ဟိုတယ်ဝန်ထမ်းများဟာ၎င်းတို့သားအမိကို အထူးအခွင့်အရေးပေးကာဈေးကြီးအခန်းကို တစ်ပြားတစ်ချပ်မှ ထပ်တိုးမကောက်ခံဘဲနေခွင့်ပေးတဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ ဇနီးမောင်နှံတွေအဖြစ်ဟန်ဆောင်ဖို့ဖြစ်လာပါတယ်…Lucas တစ်ယောက်ဟာတော့ သူ့ကိုထားသွားခဲ့တဲ့ သတို့သမီးလောင်းဖြစ်ခဲ့သူကိုသာ တမ်းတနေပြီး ပင်လယ်ပြင်တွေ စိမ်းလန်းတဲ့တောင်တန်းတွေကျွန်းပေါ်ကျနေတဲ့နေရောင်ခြည်တွေကိုခံစားနိုင်စွမ်းကင်းမဲ့ရင်း အပူမိနေခဲ့ပါတယ်…သို့နှင့် ကျွန်းပေါ်မှာနေရင်း တစ်ခုသောခရီးစဉ်အရောက်မှာဆုံဆည်းရတဲ့ ဧည့်လမ်းညွှန်မိန်းမချောလေးဆီကိုစိတ်တိမ်းညွှတ်မှုဖြစ်သွားတဲ့အခါမှာတော့…ဒီကားလေးမှာဆိုရင် သားဖြစ်သူကို အရွယ်ရောက်သည်အထိမျက်ခြေမပြတ်စောင့်ရှောက်ရင်း မိမိဆန္ဒတွေကို လျစ်လျူရှုထားရသူမိခင်နဲ့မိခင်ရဲ့အနစ်နာခံမှုတွေကိုမမြင်နိုင်ဘဲအပြစ်သာဆိုတတ်သူသားဖြစ်သူတို့ကြား နားလည်မှုရသွားတဲ့ဟန်းနီးမွန်းခရီးစဉ်ကို ရှုခင်းအလှအပများနဲ့ ဟာသနှောကာရယ်ရွှင်ဖွယ်ရာရိုက်ကူးတင်ဆင်ထားတာဖြစ်လို့ရုပ်ရှင်ချစ်ပရိသတ်များ စိတ်အပန်းပြေဖွယ်ကြည့်ရှုခံစားနိုင်မယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…