Melanie's Grave HD

Melanie's Grave

Thriller HD 2024-09-27 5.6 101 Min

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက်Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်းကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလိုဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွားတတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီးစိတ္တဇလူသတ်ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီးလက်ရှိဖြစ်နေတဲ့အရာတွေနဲ့သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီးအမေဖြစ်သူကလည်းနည်းနည်းလေးတောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက်ဖြစ်လာပါတော့တယ်အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာတစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာသူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန်ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ်တည်းမှာအချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာရှုစားရမှာဖြစ်ပါတယ်။