ယခုတစ်ခါမှာတော့ ဟာသမင်းသားကြီး Vennela Kishoreပါဝင် တင်ဆက်ထားတဲ့Comedy thriller/Mystery အမျိုးအစား စုံထောက်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။442အမေဖြစ်သူရှာမီလာရဲ့ (ရှာ)၊ အဖေဖြစ်သူ လော့ခ်နတ်သ်ရဲ့ (လော့ခ်)၊သူ့ကိုယ်ပိုင်နာမည် ဟုမ်းပရာကေ့ရှ်က (ဟုမ်း) ဒီစကားလုံးတွေကိုပေါင်းစည်းပြီးတော့ သူ့ကိုယ်သူ ရှားလော့ခ်ဟုမ်းလို့ နာမည်ပေးခါအလွတ်စုံထောက်လုပ်နေတဲ့ စုံထောက်ကြီးတစ်ယောက်ပေါ့။သူဟာ အရင်က ရဲအရာရှိတစ်ယောက်ဖြစ်ပေမဲ့ အသက်အရွယ်ကြောင့်နဲ့အပြင်မှာပဲ အလွတ်စုံထောက်အဖြစ်လုပ်နေပြီး အမှုတွေကိုအလွယ်လေးပဲ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။တစ်နေ့မှာတော့ သူတို့နေထိုင်ရာ ဆရီကာကူလမ်ရဲ့ ကမ်းခြေမှာမယ်ရီဆိုတဲ့ကောင်မလေး အသတ်ခံရပြီး ဒီအမှုကို စုံစမ်းတဲ့အရာရှိဟာသတင်းထောက်တစ်ယောက်နဲ့အတူ စိန်ခေါ်မှုလုပ်ခဲ့ရင်း တစ်ပတ်အတွင်းအမှုကို ပေါ်ပေါက်အောင် မဖြေရှင်းနိုင်ရင်အလုပ်ကနေထွက်မယ်ဆိုပြီးပြောခဲ့မိပါတယ်။သို့သော်လည်း ဒီလိုတွေ စိန်ခေါ်လာပြီးမှ အထက်က အရင်ဝန်ကြီးချုပ်ဟောင်းသေဆုံးရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုတာဝန်ပေးခါ တစ်ပတ်အတွင်းစုံစမ်းရေးအဖွဲ့နဲ့ သေချာစုံစမ်းဖို့ အမိန့်ကျလာတဲ့အခါမှာ အရာရှိကြီးခမျာတိုင်ပတ်နေပါတော့တယ်။ ဒီလိုနဲ့ တပည့်တွေကို အကြံပေးတဲ့အခါမှာတော့သူတို့ဟာ ရှားလော့ခ်ဟုမ်းကို ညွှန်းကြတဲ့အတွက် ပေါက်တဲ့နဖူးမထူးဘူးဆိုတဲ့အတိုင်းပဲ မျက်လုံးစုံမှိတ်ပြီး ရှားလော့ခ်ဟုမ်းကိုပဲမယ်ရီသေတဲ့အမှုကို ၇ရက်အတွင်း စုံစမ်းခိုင်းပါတော့တယ်။ဒီလိုနဲ့ ရှားလော့ခ်ဟုမ်းတစ်ယောက် မယ်ရီသေတဲ့အမှုကို ဘယ်လိုတွေ စုံစမ်းသွားမလဲ ….အမှုမှန်ရော ပေါ်ပေါက်သွားမှာလား …..ဒီနောက်ကွယ်မှာ ဘယ်လို ဇာတ်ရှုပ်တွေ ရှိနေဦးမှာလဲ …..ဆိုတာတွေကို ကြည့်ရှုရမဲ့အပြင် ဟာသမင်းသားကြီးVennela Kishoreရဲ့ တလွဲဟာသလေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ဟာသစုံထောက်ကားလေးပဲဖြစ်ပါတယ်။