No More Bets HD

No More Bets

Crime Drama HD 2023-08-05 7 130 Min

မြန်မာနယ်စပ်တွေမှာရှိတတ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ကျားဖြန့်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ဇာတ်ကားကျားဖြန့်လို့အများသိကြတဲ့ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းမှာလူတွေကိုဘယ်လိုအကွက်ကျကျ လိမ်ခေါ်ပြီး ဘယ်လိုကျွန်ပြုပြီးတော့အတင်းအကြပ်ခိုင်းစေကြလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်မင်းသားကပရိုရမ်မာတစ်ယောက်ဖြစ်ပြီးတော့ ဂိမ်းကုမ္ပဏီယောင်ဆောင်ပြီးအလုပ်ခေါ်ခံရပြီး အွန်ကြေးလိမ်လည်တဲ့ကုမ္ပဏီကိုခေါ်သွားခံရပါတယ်။မင်းသမီးကတော့ မော်ဒယ်တစ်ယောက်ဖြစ်ပြီးတော့ သူငယ်ချင်းရဲ့လှည့်ဖြားတာကိုခံရပြီးဒီကုမ္ပဏီကိုရောက်လာတာပဲဖြစ်တယ်။ ဒေသခံအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့လူမဆန်တဲ့လုပ်ရပ်နဲ့ ပြစ်မှုတွေကိုကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်တာတွေ၊လောဘစိတ်ကြောင့် အန္တရာယ်ကိုမမြင်နိုင်ပဲ မသမာသူတွေရဲ့ထောင်ချောက်ထဲကိုဝင်သွားတတ်တဲ့လူတွေရဲ့ဒုက္ခတွေကိုမြင်ရမှာဖြစ်ပြီးတော့ ဒီလူမဆန်တဲ့လုပ်ရပ်တွေကြားကရုန်းထွက်ဖို့ ကြိုးစားတဲ့ လူငယ်၂ယောက်ရဲ့ ခက်ခဲတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။