At the Gate of the Ghost HD

At the Gate of the Ghost

Drama Mystery HD 2011-09-16 6 108 Min

ငယ်စဉ်ကလေးဘဝကတည်းက သာသနာ့ဘောင်မှာ ပျော်မွေ့တဲ့ ကိုရင်’အနော့’…မိဘနှစ်ပါးရဲ့ ဆန္ဒအရ လူထွက်ပြီး မိဘအလုပ်မှာ ကူညီပေးရင်း လောကီရေးရာတွေမှာ မပျော်တဲ့ ‘အနော့’…တစ်ရက်မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ မိခင်ကိုကျေးဇူးဆပ်ချင်သည်ဟုဆိုကာ သင်္ကန်းဝတ်ခဲ့သူပြန်ဝတ်ခဲ့သူ ဦးပဉ္စင်း’အနော့’…လူ့လောကကြီးမှာ လူသားတွေ ကြုံတွေ့ခံစားရတဲ့ အို၊ နာ၊ သေ ကပ်ဆိုးကြီး (၃ပါး…အသက်ရွယ်အိုမင်းကျန်းမာရေးယုတ်လျော့လာတဲ့ ဖခင်ရဲ့ လူဝတ်လဲဖို့ တောင်းဆိုချက်…ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့လူသတ်မှုတစ်ခု စတဲ့အချက်တွေကြောင့်သာသနာ့ဘောင်မှာဆက်နေဖို့လည်းသူ့ကိုယ်သူ ယုံကြည်စိတ်ချမှု လျော့နည်းလာတဲ့ ဦးပဉ္စင်း’အနော့’…ဖခင်ရှိရာ အိမ်သိုပြန်လာရင်း မုန်တိုင်းမိတဲ့အတွက်သစ်ခုတ်သမားနဲ့အတူတူ ဥမင်လှိုင်ခေါင်းမှာနားခိုခဲ့ကြပါတယ်…ဦးပဉ္စင်းလူထွက်မှာကို တားနေတဲ့ သစ်ခုတ်သမားနဲ့ဥမင်ထဲမှာ နေထိုင်သူ သုဘရာဇာကြီးတို့ စကားလက်ဆုံကျခဲ့ကြပါတယ်…အဲဒီလို စကားလက်ဆုံကျချိန်မှာ လူတွေရဲ့အတောမသတ်နိုင်တဲ့ အတ္တလောဘရမ္မက်ကြောင့် ပျက်စီးကြရပုံတွေကိုပြောဆိုဆွေးနွေးကြတဲ့အခါ…ခဏတာနားခိုခဲ့တဲ့ဥမင်လှိုင်ခေါင်းထဲက ဆွေးနွေးချက်တွေကဦးပဉ္စင်း’အနော့’ရဲ့သဘောထားခံယူချက်တွေအပေါ် ဘယ်လိုလမ်းကြောင်းပြောင်းပေးရင်းအလင်းရအောင် လုပ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…