'ဘီး’ဆိုတဲ့ ငယ်ငယ်လှလှ ဒေါက်တာပေါက်စလေးဟာ အလုပ်သင်ဆင်းတဲ့ ခွဲစိတ်ဌာနက သူ့ supervisor ဖြစ်တဲ့ဒေါက်တာ’ထနာ’နဲ့ တွေ့ခဲ့ရပါတယ်…ဆေးရုံက တစ်ယောက်စကားတစ်ယောက်နားနဲ့ဒေါက်တာထနာနဲ့ သူ့ချစ်သူဖြစ်တဲ့ဒေါက်တာ’နော့’တို့ရဲ့ ရင်နင့်စရာ ဇာတ်လမ်းကိုလည်း သိခဲ့ရပြီး ကူညီပေးချင်ခဲ့ပါတယ်…ကြာလာတာနဲ့အမျှဒေါက်တာ’ထနာ့’အပေါ် ‘ဘီး’က ချစ်မိသွားခဲ့ပြီး‘နော့’ကိုမေ့ပစ်နိုင်အောင်ကူညီပေးခဲ့ပေမဲ့ ထနာကလည်း လုံးဝမမေ့နိုင်ဖြစ်နေခဲ့ပါတယ်…ဒေါက်တာမလေး’ဘီး’က ဆုံးပါးသွားတဲ့ချစ်သူအပေါ် အချစ်ကြီးချစ်တဲ့ ဒေါက်တာ’ထနာ့’ရဲ့အချစ်ကိုရရှိနိုင်ပါ့မလားလူတွေပြောကြသလို တကယ်ပဲ ဒေါက်တာ’နော့’ဆိုတဲ့ သဘောကောင်းတဲ့ဆရာဝန်မလေးကသေဆုံးသွားပြီးတဲ့နောက် သူ့ရည်းစားထနာ့ကို လာပက်သက်တဲ့မိန်းကလေးတိုင်းကို ခြောက်လှန့်နေခဲ့တာလားဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်တွေလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…