All About My Wife HD

All About My Wife

Comedy Romance HD 2012-05-17 6.67 121 Min

ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေးဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ဒီကားလေးမှာတော့  My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving,Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီးIm Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best SupportingActor ဆု, KOFRA Film Award Ceremony မှာ Best Supporting Actor ဆုတို့ကိုဆွတ်ခူးရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ဒူဟျွန်း (Lee Sun Kyun)ဟာ လှပပြီး စမတ်ကျပေမဲ့လည်း  ပူညံပူညံလုပ်တတ်တဲ့ ဇနီး( Im SooJung )ကို စိတ်ကုန်ပြီး ဇနီးသည်ရဲ့ အဝေးမှာပဲ နေချင်သူပါ… ။တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်နီးနားချင်း ယောက်ျား( Ryu Seung ryoung)ဟာ မြာပွေပြီး မိန်းမတွေကိုဖြားယောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဆိုတာ သိလိုက်ရတဲ့ အခါမှာ .. သူ့ဇနီးကို ဖြားယောင်းခိုင်းပြီးကွာရှင်းခွင့်ရဖို့ကြံစည်ပါတော့တယ်… တကယ်ပဲ သူကြံစည်ထားသလိုမျိုး ကွာရှင်းခွင့်ရသွားမှာလား ..ဇနီးဖြစ်သူရဲ့ တန်ဖိုးကိုရောနားလည်လာနိုင်ဦးမှာလားဆိုတာကိုတော့ Channel Myanmarနဲ့အတူခံစားကြည့်ရှုလိုက်ရအောင်နော် .. ။