အမေရိကန် အထက်တန်းကျောင်းတွေမှာ ကျောင်းသားတွေဟာ ဂိုဏ်းဂဏဖွဲ့စည်းကာ သောင်းကျန်းလာတာကြောင့် ကျောင်းတွေပိတ်ရတဲ့အထိ ဆိုးရွားလာခဲ့တယ်။ကျောင်းနား၀န်းကျင်တွေကိုလူငယ်ဂိုဏ်းတွေက အပိုင်စီးထားတာကြောင့် အာဏာပိုင်တွေလက်လျှော့ထားရတဲ့ ဥပဒေမဲ့ဇုန်ရဲ့အလယ်မှာတည်ရှိနေတဲ့ ကန်နေဒီအထက်တန်းကျောင်းကို ပြန်ဖွင့်နိုင်ဖို အဖွဲအစည်းတွေဖွဲကာလုပ်ဆောင်နေတဲ့သူတချို့ဟာ ကျောင်းသားတွေကိုထိန်းဖို့ စစ်တပ်သုံး cyborg သုံးယောက်ကို ကျောင်းဆရာဆရာမအနေနဲ့ ခန့်လိုက်တဲ့အချိန်မှာတော့ မျှော်လင့်မထားတာတွေဖြစ်လာခဲ့တယ်။ဂိုဏ်းဂဏအသီးသီးဖွဲ့ကာ စည်းလုံးမှုမရှိကြတဲ့ကျောင်းသားတွေနဲ့ စက်ရုပ်တွေကြား တိုက်ပွဲကိုကြည့်ရှုခံစားရမယ့် sci-fi ဇာတ်ကားတစ်ကားပါ။