Bangkok Haunted HD

Bangkok Haunted

Horror HD 2001-12-21 4.5 130 Min

ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာသမိုင်းကြောင်းတွေရှိနေပါသတဲ့…ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ…ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက်အိမ်နီးချင်းအစ်မကြီးဆီကနေပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ…ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်…တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့လူတိုင်းက ယူဆကြပေမဲ့ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက်အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့အမှန်တရားက ဘာတွေဖြစ်မလဲ…Jumpscare တွေလည်းပါတယ်ဆိုပေမဲ့ creepy sense ကို အပြည့်အဝရစေမဲ့ဇာတ်လမ်းလေးတွေဆိုတော့ညဘက်တစ်ယောက်တည်းဖြစ်နေသူတွေ တစ်ယောက်ယောက်ရှိနေတဲ့ခံစားချက်လေး လိုချင်ရင်တော့ညဘက်မှာ နားကြပ်လေးနဲ့ ကြည့်ရှုခံစားဖို့ recommendပေးလိုက်ပါတယ်…