Yes or No HD

Yes or No

Comedy Romance HD 2010-12-16 7 107 Min

ဒီဇာတ်လမ်းလေးကတော့ နယ်ကနေ တက္ကသိုလ်လာတက်တဲ့ Tomboyလေး ‘ခင်မ်’နဲ့သဘာဝကိုဆန့်ကျင်တဲ့လိင်စိတ်ခံယူမှုကို မကြိုက်တဲ့မိသားစုမှာ ကြီးပြင်းလာသူတစ်ယောက်ဖြစ်တဲ့ချစ်စရာမိန်းမလှလေး’ဖိုင်’တို့ အဆောင်မှာ တစ်ခန်းတည်း အတူတူ နေဖို့ ဖြစ်သွားရာကနေစတင်ခဲ့ပါတယ်…အခြေအနေမတူကြတဲ့အပြင် နေထိုင်မှုပုံစံကွဲပြားတဲ့ သူတို့နှစ်ယောက် ဘယ်လိုညှိနှိုင်းပြီး နေထိုင်သွားကြမလဲ…အခန်းဖော် ခင်မ်ရဲ့ အလိုလိုက် အကြိုက်ဆောင် လိုက်လျောမှုတွေမှာ ဖိုင် တစ်ယောက် သဘောထား ပျော့ပျောင်းလာပါ့မလား…ခင်မ်ရဲ့ ဖိုင်အပေါ် ထားတဲ့ အချစ်တွေက ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်ပါ့မလဲ…အချစ်ဇာတ်လမ်းလှလှလေးတစ်ခုကို တက္ကသိုလ်ကျောင်းသားဘဝ နောက်ခံနဲ့ထားရိုက်ကူးတင်ဆက်ပေးထားပါတယ်…လူ့အဖွဲ့အစည်းအတွင်းကလိင်စိတ်ခံယူချက်မတူကြတဲ့သူတို့အပေါ် မိသားစုနဲ့ အတူနေ ကျောင်းနေဖက် လူတွေရဲ့အပေါင်းအနုတ်ဆန်တဲ့ အမြင်သဘောထားတွေ ဆက်ဆံကြပုံတွေ လူတွေရဲ့အပြုအမူတွေနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်လာတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ…အဆုံးသတ်မှာ လက်လျှော့လိုက်ကြမလား…လိင်စိတ်ကွဲပြားသူတွေရဲ့ ရင်တွင်းခံစားချက်များကို သဘာဝကျစွာရိုက်ကူးတင်ဆက်ထားလို့ရင်ထဲမှာ တစ်စုံတစ်ရာ ကျန်ရစ်စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်…