ထိုင်းကနေ ကိုရီးယားကို ချစ်သူလေးနဲ့အတူ ခရီးသွားအဖွဲ့နဲ့လိုက်ဖို့ အကုန်ပြင်ဆင်ပြီးတော့မှချစ်သူနဲ့ပြတ်ပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့ရတဲ့ ဒန်ဆိုတဲ့ ကောင်လေး…ကိုရီးယားက သူငယ်ချင်းဖြစ်သူမင်အာရဲ့ မင်္ဂလာပွဲကို ချစ်သူက သွားခွင့်မပေးလို့သူငယ်ချင်းနဲ့အတူ ခရီးထွက်တာပါဆိုပြီး လိမ်ပြီး ထွက်လာခဲ့တဲ့ မေဆိုတဲ့ကောင်မလေး…သူတို့နှစ်ယောက်ဟာ ထိုင်းလူမျိုးတွေဖြစ်ပေမဲ့ ထူးထူးခြားခြားကိုရီးယားမှာ လာပြီးဆုံတွေ့ကြပါတော့တယ်…အချင်းချင်း နာမည်တောင် မသိကြပေမဲ့ တခြားနိုင်ငံမှာတွေ့ရတဲ့ ထိုင်းလူမျိုးအချင်းချင်းကူညီဖေးမကြရင်း ဘာတွေဆက်ဖြစ်သွားကြမလဲနှစ်ယောက်သားချစ်ရသူတွေကိုယ်စီရှိကြပေမဲ့ အချစ်ရေးကိစ္စမှာ ဘယ်လိုလွဲချော်မှုတွေဖြစ်လာဦးမလဲ…ဘယ်လိုအဆုံးသတ်မျိုး ကြုံရမလဲဆိုတာကိုကြည့်ရှုရမဲ့ အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်…