Amish Affair FHD

Amish Affair

Crime Thriller Mystery TV Movie FHD 2024-07-06 9 86 Min

ဒီဇာတ်ကားလေးကတော့ ပရိသတ်ကြီးသဘောကျလောက်မယ့်2024 တုန်းက ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန် Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Robin Hays က ရိုက်ကူးထားပြီးတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Ryan McPartlin, MackenzieCardwell, Dana Stoutenburg တို့က ပါဝင်ထားပါတယ်။အမေရိကန်နိုင်ငံမြောက်ပိုင်းမှာဆိုရင် Amish ဆိုတဲ့ လူမျိုးစုလိုမျိုးသီးခြားလူ့အသိုင်းအဝိုင်းတစ်ခုရှိပါတယ်။သူတို့တွေဟာ ဘာသာရေးအရမ်းကိုင်းရှိုင်းကြပြီးတော့ ပြင်ပကမ္ဘာကနေ သီးသန့်ခွဲထွက်ပြီးနေကြပါတယ်။ခေတ်မီပစ္စည်းကိရိယာတွေဖြစ်တဲ့ မိုဘိုင်းဖုန်းတွေကားတွေကိုအသုံးမပြုကြပဲ စက်ဘီးတွေ မြင်းလှည်းတွေနဲ့ပဲ သွားလာကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူနာပြုစုဖို့အတွက် ပြင်ပကမ္ဘာကနေရောက်လာတဲ့ Hannah ဆိုတဲ့ကောင်မလေးဟာလူနာရဲ့ယောက်ျားဖြစ်သူနဲ့ ချစ်ကြိုက်မိသွားပြီးတော့ ဖောက်ပြန်မိသွားပါတယ်။အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို ဘာသာရေးတင်းကြပ်မှုတွေနဲ့ ရှေးရိုးဆန်လှတဲ့လူ့အသိုင်းအဝိုင်းကြားမှာရှေ့ဆက်ဖို့ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ဇာတ်အလှည့်အပြောင်းတွေ မမျှော်လင့်ထားတဲ့လှည့်ကွက်တွေနဲ့ကြည့်ရှုသူကို အစကနေအဆုံးထိ မျောပါသွားအောင် စွဲဆောင်နိုင်ပြီးတော့ရသမျိုးစုံခံစားရမှာပါ။IMDb rating မှာ 5.6 သာ ရထားပေမယ့် တကယ်ကြည့်လို့ကောင်းပြီးတော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ်recommend ပေးပါရစေ။