အပျိုကြီးလည်းဘာဖြစ်လဲ သူငယ်ချင်းတွေနဲ့ပျော်မယ် တစ်ကိုယ်တည်းတောက်ပမယ်ဆိုပြီး ဇက်ဇက်ကြဲခဲ့တဲ့မေလီတစ်ယောက်အသက် 30 အရောက် သူငယ်ချင်းတွေက ဆိုင်သူကိုယ်စီရှိသူကရှိယောက်ျားယူတဲ့သူကယူဖြစ်လာတဲ့ချိန်မှာတော့မကြီးမငယ် ကြေကွဲမမဘဝရောက်ရပါတော့တယ်…ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အထီးကျန်စိတ်နဲ့ပျော်တဲ့စိတ်ရောပြီးမူးမူးနဲ့ကားမောင်းပြီးအပြန်မှာ အက်ဆီးဒင့်ဖြစ်ရာကတစ်ဆင့် သူ့ကိုကူညီပေးဖို့ ရောက်လာတဲ့သူ့ဘဝရဲ့ နတ်သားလေးလုန်နဲ့ ဆုံတွေ့ရဖို့ ဖြစ်လာပါတော့တယ်…ဒါပေမဲ့ ထိုင်းတရုတ်နွယ်ဖွားအိမ်ကတစ်ဦးတည်းသောသမီးပီပီအမေအဖေတွေ အဘွားတွေရဲ့ ဆုံးမမှုတွေကြား ဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့သူမလို့ ယောက်ျားလေးကို မိန်းကလေးဖြစ်ပြီးစ’မကြူရဘူးဆိုတာကိုအရိုးစွဲနေတဲ့မေလီတစ်ယောက် အမေဖြစ်သူက လွန်ခဲ့တဲ့ ၁၇နှစ်က ဂျင်းထည့်ခဲ့တယ်ဆိုတာ သိသွားပြီးလုန်ကိုရေလာမြောင်းပေးလုပ်ဖို့ အကွက်တွေမျိုးစုံဖန်ပါတော့တယ်…ဒါပေမဲ့ မူခဲ့တာ အသက် 30ထိတိုင်ခဲ့တာမလို့အလွဲလွဲအချော်ချော်တွေနဲ့ပဲ စခဲ့ရတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာချိန်ဟာ ဘယ်လောက်ထိလှပမလဲ…ညဘက်မှာပဲအလုပ်ဆင်းရတာကြိုက်တဲ့ ရထားအင်ယာကိုရေခဲလုန်နဲ့အမြဲတလွဲလုပ်တတ်တဲ့ ဆိုလာဆဲလ်အရောင်းစာရေးမလေးမေလီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုဘယ်လိုလှပစွာ ပုံဖော်ထားလဲဆိုတာ အခုပဲ ပြန်လည်ခံစားလိုက်ရအောင်ပါ…