အခုတစ်ခါမှာ အလှည့်ကျလာတဲ့ Movie လေးကတော့ မင်းသားကြီး Anandaရဲ့ romance drama ဇာတ်လမ်းလေးဖြစ်ပြီးဆိုရှယ်မီဒီယာကနေ ဇာတ်လမ်းစတဲ့အချစ်တစ်ခုအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ဆိုရှယ်မီဒီယာခေတ်ရောက်လာတာနဲ့အညီ လူတွေကြားမှာ ဆက်ဆံရေးတွေတိုးတက်လာသလိုအွန်လိုင်းပေါ်က fake id တွေလည်းတစ်နေ့တခြားများလာတာပေါ့…ဒီလိုပဲ online relationshipတွေနဲ့အတူ အထိအတွေ့သာယာရုံသက်သက်ပတ်သက်မှုတွေလည်း မှိုလိုပေါက်လာပါတော့တယ်…အဲဒီလို ဆိုရှယ်မီဒီယာတွေနဲ့ ဘဝကိုပျော်မွေ့နေသူကတော့‘နွမ်’ဆိုတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါပဲ…အပြင်လောကမှာ အလုပ်ကြိုးစားပြီးတည်ငြိမ်တယ်လို့ထင်ရတဲ့’နွမ်’ဟာအွန်လိုင်းလောကမှာတော့ ‘နွန်’ဆိုတဲ့နာမည်နဲ့ စော်တရုန်းရုန်းနဲ့ မောင်ပြုံးလုပ်နေတာပါ…သူ့အတွက်ကတော့တည်ငြိမ်အေးဆေးတဲ့ဆက်ဆံရေးတစ်ခုထက် အပျင်းပြေရုံရမ္မက်ဖြေရုံ တခဏဆက်ဆံရေးက ပိုပြီးပျော်စရာဖြစ်နေတာပေါ့…ဒီလိုနဲ့တစ်နေ့မှာ ဆိုရှယ်မီဒီယာက သူ့ရဲ့ပို့စ်မှာ ကွန်မန့်လာရေးတဲ့ ‘ဒီးယား’ဆိုတဲ့ကောင်မလေးကို သဘောကျမိပြီးတစ်ယောက်အကြောင်းတစ်ယောက်မမေးကြေးဆိုတဲ့ သဘောတူညီချက်နဲ့ တွဲဖို့ဆုံးဖြတ်ပြီးမှ နွမ်ဘက်က ခံစားချက်တွေပိုလာချိန်မှာတော့…နွမ်တစ်ယောက် ကိုယ့်စကားနဲ့ကိုယ် ဘယ်လိုတွေတိုင်ပတ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်…