အလွတ်တန်းဗီဒီယိုတည်းဖြတ်သူ ကိတ်တီကအရမ်းကိုငွေလိုအပ်တဲ့အချိန်မှာ ထူးဆန်းပြီး ပိုက်ဆံကောင်းကောင်းပေးးတဲ့အလုပ်တစ်ခုရခဲ့ပါတယ်။အဲဒါကတော့ ကြောက်စရာဗီဒီယိုတွေကို တည်းဖြတ်ပေးဖို့ပါပဲ။ ဒီအလုပ်ကို မလွှဲရှောင်သာ လုပ်ကိုင်နေရင်း“ကိုယ်တိုင်ရိုက်ကူး” ရမယ်ဆိုတဲ့အချိန်မှာတော့ လုံးဝနောက်ပြန်ဆုတ်လို့မရတော့ဘဲ တစ်ခုပြီးတစ်ခုခြောက်ခြားဖွယ်ကိစ္စတွေကြုံတွေ့ရပါတော့တယ်ဇာတ်ကောင်တွေကြားက လျှို့ဝှက်ချက်တွေကိုဖြည်းဖြည်းချင်းမြင်တွေ့ရပြီး အပြည့်အဝ အာရုံကိုဖမ်းစားနိုင်မဲ့ horror flim ကောင်းလေးမလို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။