The Other Side FHD

The Other Side

Drama Thriller FHD 2024-10-25 8.4 0 Min

အသက် ၄၀ အရွယ် Carlos ဟာ ဒဿနိကဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်..ဇာတ်လမ်းအစ ဆေးရုံတစ်ခုမှာနိုးထလာတဲ့ Carlos တစ်ယောက်ကိုယ့်အမေကိုယ် သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်ရဖို့ဖြစ်လာပါတယ်သို့သော်လည်း Carlos ဟာ အမေဖြစ်သူရဲ့ဆန္ဒအရသတ်ဖြတ်တာဖြစ်ကြောင်းကို သူ့ရှေ့နေရဲ့ဆန္ဒကိုလွန်ဆန်ပြီး ဝန်ခံပြောဆိုကာအပြစ်မရှိကြောင်း အခိုင်အမာပြောဆိုတဲ့နောက်မှာတော့ ရှေ့နေဖြစ်သူဟာ တစ်သက်တစ်ကျွန်းကျမယ့်ဘေးကနေ Carlosကိုကယ်တင်ဖို့ အခက်အခဲဖြစ်လာပါတော့တယ်..တစ်ဖက်မှာလည်း တရားလိုရှေ့နေဖြစ်သူ Gloria ဟာမိန်းမသားများအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အထူးကျွမ်းကျင်သူဖြစ်ကာ အမှုတိုင်းလိုလိုအနိုင်ယူနိုင်သူတစ်ယောက်ဖြစ်နေပါတယ်ထို့အတွက်ကြောင့်ပင် Carlos ရဲ့ရှေ့နေဟာပိုအကျပ်ရိုက်လာရပြီးထောင်ဒဏ်အနည်းနဲ့အများ ကျခံရမယ့် ရွေးချယ်မှုကိုသာလုပ်ဆောင်ဖွယ်ရာရှိလာကာကွင်းလုံးကျွတ်လွတ်ဖို့ရာဟာ ဘယ်လိုမှမမျှော်လင့်နိုင်စရာဖြစ်လို့နေပါတယ်..ထိုရုံးချိန်းအပြီး တစ်ရက် ထောင်တွင်းအချုပ်ခံထားရစဉ် Carlos ထံသို့Sierra အမည်ရတဲ့ ရှေ့နေတစ်ယောက်ရောက်ရှိလာပြီးအမှုတွင်ကူညီပေးမည့်အကြောင်း ပြောဆိုလာရာ နောက်ရုံးချိန်းမှာပဲ စတင်ရှေ့နေလိုက်ပေးပြီး စိတ်ဝင်စားဖွယ်ပြန်လှန်ချေပချက်တွေ ကြားသိရတဲ့နောက်မှာတော့ ယခင်အစိုးရရှေ့နေနဲ့အတူမျှော်လင့်ချက်မဲ့ခဲ့သမျှဟာမျှော်လင့်ချက်အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာခဲ့တဲ့ နောက်မှာတော့…ဒီကားလေးဟာဆိုရင် ဒဿနိကဆိုင်ရာအတွေးအခေါ်တစ်ခုကိုအနုပညာမြောက်စွာ ကျစ်ကျစ်လျစ်လျစ်ဖန်တီးပြသထားပြီးတရားခွင်က ရှေ့နေနှစ်ယောက်ရဲ့အပြန်အလှန် ချေပချက် ထိုးနှက်ချက်တွေ၊ သားအမိနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ဘဝအပေါ်ရှုမြင်ပုံတွေ၊ နာတာရှည်ရောဂါသည်တို့ရဲ့မတူညီတဲ့ဘဝနေထိုင်မှုတွေကို မြင်တွေ့နေကျမဟုတ်တဲ့ ရှုထောင့်ကနေတင်ပြထားတာဖြစ်လို့ တွေးတွေးခေါ်ခေါ် စဉ်းစဉ်းစားစားရုပ်ရှင်တွေကိုမှ ကြည့်ရှုလိုသူ ရုပ်ရှင်ချစ်ပရိသတ်များအတွက်အချိန်ပေးရကျိုးနပ်မယ့် ဇာတ်ကားလေးဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ရန်ညွှန်းဆိုလိုက်ရပါတယ်ခင်ဗျာ…………….