Kid Snow FHD

Kid Snow

Action Drama FHD 2024-09-12 6.2 127 Min

ပရိသတ်ကြီးကို သိပ်မကြားသေးခင်ကတင်ထွက်ထားတဲ့Kid Snow ဆိုတဲ့လက်ဝှေ့ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။“Kid Snow” က ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သြစတြေးလျအားကစား ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Paul Goldman မှဒါရိုက်တာလုပ်ကာ John Brumpton မှ ဇာတ်ညွှန်းရေးသားထားပါတယ်။ Billy Howle နှင့် Phoebe Tonkin တို့ ပါဝင်သရုပ်ဆောင်ထားသည့် ဒီရုပ်ရှင်က ၁၉၇၀ ပြည့်လွန်နှစ်များကိုအခြေခံထားပြီးဇာတ်လမ်းမှာ နာမည်ကျော်ခဲ့ဖူးသော်လည်းယခုအခါ လက်ရည်ကျဆင်းနေသော လက်ဝှေ့သမား Kid Snow(Billy Howle) ၏ ဘဝအကြောင်းကို ရိုက်ကူးထားပါတယ်။ဇာတ်ကားတွင် Kid Snowက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကသူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူကို ပြန်လည်ယှဉ်ပြိုင်ရန် အခွင့်အရေးရလာသောအချိန် သူ့ဘဝကို ပြန်လည်တည့်မတ်ရန် ကြိုးစားရင်းအနိုင်ပြန်လည်ယူနိုင်ပါ့မလား အရင်လိုပဲလက်ဝှေ့လောကရဲ့မသမာမှုတွေ လှည့်ကွက်တွေမှာပဲ ဆက်လက်နစ်မွန်းနေဦးမှာပဲလားဆိုတာကိုကြည့်ရှူခံစားရမှာပါသည်ရုပ်ရှင်ကို သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျဒေသတွင်၂၀၂၂ ခုနှစ် မေလမှဇူလိုင်လအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၂၄ ခုနှစ်ဇွန်လ ၁၁ ရက်နေ့တွင် Sydney Film Festival တွင် ပထမဆုံးပြသခဲ့ပါတယ်။ သြစတြေးလျတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ၁၂ ရက်နေ့တွင် ရုံတင်ပြသခဲ့ပြီးအမေရိကန်ပြည်ထောင်စုတွင်၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမှ ရုံတင်ပြသခဲ့တာပါ။ဇာတ်ကားသည် ဝေဖန်သူများထံမှ အမျိုးမျိုးသောတုံ့ပြန်မှုများရရှိခဲ့ပြီးဇာတ်ညွှန်းနှင့် ဇာတ်လမ်းဖွဲ့စည်းပုံတို့ကိုဝေဖန်ခံခဲ့ရသော်လည်းPhoebe Tonkin ၏ သရုပ်ဆောင်မှုကို အထူးချီးကျူးခံခဲ့ရသည်။Tonkin သည် ၂၀၂၅ ခုနှစ် AACTA Awards တွင် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သည်။