Drained FHD

Drained

Horror Thriller Romance FHD 2024-05-14 8.3 113 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့Dark Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် သွေးစုပ်ဖုတ်ကောင်မလေးကို ချစ်မိသွားတဲ့ပန်းချီဆရာတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီးအခြားသောသွေးစုပ်ဖုတ်ကောင်ဇာတ်ကားအများစုနဲ့ မတူတဲ့သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်…Thomas ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး အလုပ်အကိုင်မရှိသေးတဲ့ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်တစ်ရက် သူငယ်ချင်းဖြစ်သူရဲ့ ဘားကိုလာရင်း Rhea ဆိုသူမိန်းမချောလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး စွဲလမ်းသွားပါတော့တယ်Thomas ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမချောလေး Rhea နဲ့နောက်တစ်ခေါက်ပြန်ဆုံချိန်မှာတော့ Rhea နဲ့အတူအိပ်ဖို့လုပ်ရင်းRhea ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲသွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း လက်ကောက်ဝတ်ပေါ်က သွေးစို့နေတဲ့သွားရာနဲ့အတူ သိရှိသွားကာ အထိတ်တလန့်နဲ့ ထွက်ပြေးရပါတော့တယ်သို့သော်လည်း Rhea ကို စွဲလမ်းသွားနှင့်နေပြီဖြစ်တဲ့Thomas ဟာအဆက်မပြတ်နိုင်တော့ဘဲ Rhea နဲ့တဖန်ပြန်ပြီးဆက်သွယ်ဖို့ကြိုးစားကာ သွေးစုပ်ခံဖို့အတွက်ကို အသင့်ပြင်ပြီး ချစ်မိပါတော့တယ်..ထိုသို့နှင့် Thomas ဟာ Rhea သွေးစုပ်ရာအစာအဖြစ်ခံချစ်ပြီးRhea မှာ အခြားသောရည်းစားတစ်ယောက်ရှိနေတာ သိရှိသွားချိန်မှာတော့…ဒီကားလေးဟာဆိုရင် မြင်တွေ့နေကျသွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်များကိုခွဲထွက်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး Relationship တွေရဲ့ သဘာဝတချို့ကို ခိုင်းနှိုင်းတင်ပြမှုအဖြစ်ပါ ခံစားကြည့်နိုင်တာမလို့ရုပ်ရှင်ချစ်ပရိသတ်များသဘောခွေ့စရာကားလေးတစ်ကားဖြစ်ကြောင်းညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…