ရွာတစ်ရွာမှာ စကားမပြောနိုင်ဘဲ နားလည်းသေချာမကြားရတဲ့ကိုတီဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။သူဟာ စကားမပြောနိုင် သေချာမကြားရပေမဲ့ဒေါသကတော့ လက်တစ်ဆစ်ပါပဲ။ကိုတီ့မှာ ဒေဝီလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ဒေဝီဟာ ညီမဆိုပေမဲ့လည်း ဒေါသအိုးကိုတီ့ကိုလိုက်ပြီးထိန်းပေးနေရသူလေးပေါ့။တစ်ရက်မှာတော့ ကိုတီဟာ သင်္ဘောပေါ်မှာလမ်းပြဂိုက်လေး တီနာနဲ့ဆုံတွေ့ခဲ့ပါတော့တယ်။တီနာကတော့ ကိုတီနဲ့မတူဘဲ လမ်းပြဂိုက်တစ်ယောက်ပီပီအသွက်မလေးပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဘယ်လိုကနေ ဘယ်လို ခင်မင်ရင်းနှီးသွားကြမလဲ …….ကိုတီရဲ့ ဒေါသမထိန်းနိုင်လို့ ဖြစ်လာရတဲ့ ပြဿနာတွေကိုညီမလေး ဒေဝီတင်မကဘဲ တီနာလေးပါလိုက်ရှင်းပေးရတော့မှာလား …..ဒေါသမထိန်းနိုင်တဲ့ ကိုတီတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရဦးမလဲ …..ဆိုတာကို ကြမ်းကြမ်းတမ်းတမ်း ဖိုက်တင်ခန်းတွေနဲ့အတူ ကြည့်ရှုရမဲ့ အချစ်မှုခင်းဒရာမာကားလေးဖြစ်ပါတယ်။