အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာအလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ဒါပေမဲ့တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကိုတူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှအသေးစိတ်တိတိကျကျ မဖြေကြားနိုင်ဘဲတစ်ခုခုကို ဖုံးကွယ်ထားဟန်ရှိနေကြပါတယ်။ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ကြောင့် ကုမ္ပဏီအတွင်းက လူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလာရတဲ့အခါမှာတော့..ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေကြားထဲက နိုင့်ထက်စီးနင်းလုပ်မှုတွေကိုစိတ္တဇဆန်ဆန်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးနော်။