Tiger Squad HD

Tiger Squad

Action Adventure War HD 2025-02-13 8.3 0 Min

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အချိန်မှာ အနီနဲ့အပြာအဖွဲ့နှစ်ဖွဲ့ခွဲပြီး စစ်မြေပြင်အစစ်ကို ရောက်နေသလို လေ့ကျင့်ကြပါတယ်။အနီရောင်တပ်က အတော်ဆုံးတပ်ဖွဲ့ဖြစ်တဲ့ ထျန်းဟူတိုက်ခိုက်ရေးတပ်ဖွဲ့ဟာထောက်လှမ်းစစ်ဆင်ရေးလုပ်ဆောင်နေတဲ့အချိန်မှာ အပြာရောင်တပ်ရဲ့ထောင်ချောက်ထဲ ဝင်သွားခဲ့ပါတယ်။ စနိုက်ပါသမားဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပဲ ကျန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာလည်း အနီအပြာတပ်နှစ်တပ်ရဲ့ စစ်ရေးအခြေအနေက ပြင်းထန်လာခဲ့ပါတယ်။အခုမှ ထွက်ပြေးလွတ်မြောက်လာတဲ့ထျန်းဟူအဖွဲ့ဟာညွှန်ကြားရေးဌာနက လျှို့ဝှက်တာဝန်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။အဲဒီတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား……အနီရောင်တပ်နဲ့ အပြာရောင်တပ်တို့ စစ်ရေးလေ့ကျင့်မှုမှာ ဘယ်သူက အနိုင်ရမလဲ……ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။