The Unlock FHD

The Unlock

Thriller FHD 2025-02-10 8.3 91 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Thrillerအမျိုးအစား ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် လစ်သူရေးနီးယားနိုင်ငံအတွင်း ရုရှားသံအမတ်တစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ကမ္ဘာ့အင်အားကြီးတပ်များဖြစ်ကြတဲ့ နေတိုးနဲ့ရုရှားတပ်တို့ ထိပ်တိုက်တွေ့ကာ အဏုမြူစစ်ပွဲအထိဖြစ်ပေါ်လာမည့် တတိယကမ္ဘာစစ်ဘေးကို တားဆီးဖို့ ဂိုဒေါင်တစ်လုံးထဲကနေကြိုးစားကြမယ့် စစ်ကြောရေးအဖွဲ့ရဲ့အားထုတ်မှုတွေပွတ်တိုက်မှုတွေ အချင်းများမှုတွေကို ကြည့်ရှုမြင်တွေ့ရမှာပဲဖြစ်ပါတယ်.Stephen ဟာ ရုရှားသံအမတ်ကြီးတစ်ဦးရဲ့ ယာဉ်မောင်းတစ်ယောက်ဖြစ်ပါတယ် လစ်သူရေးနီးယားနိုင်ငံအတွင်းသံအမတ်ကြီး ပြန်ပေးဆွဲခံရစဉ်မှာ Stephen တစ်ယောက်ကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့လမ်းတစ်နေရာမှာ ပစ်ထားခံခဲ့ရပါတယ်ပြန်ပေးသမားများဟာ ရုရှားသံအမတ်ကြီးကို၁ နာရီခွဲအတွင်းသုတ်သင်မည်ဟုဆိုကာ အင်တာနက်ပေါ်တွင် တိုက်ရိုက်တင်ဆက်ပြသလာတဲ့နောက်မှာတော့ ရုရှားတပ်ဖွဲ့များဟာ လစ်သူရေးနီးယားနယ်စပ်ဘော်တစ်ပင်လယ်တလျှောက်တိုက်ခိုက်ရေးရေယာဉ်များကိုယ်ထင်ပြလာကာ လစ်သူရေးနီးယားကို ထိုးစစ်ဆင်ဖို့ အရိပ်အယောင်ပြပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာပါတော့တယ်လစ်သူရေးနီးယားနိုင်ငံဟာယူကရိန်းလိုမဟုတ်ဘဲ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ရုရှားတပ်များသာ လစ်သူရေးနီးယားကိုကျူးကျော်ခဲ့ရင် နေတိုးတပ်ဖွဲ့များလည်း ပါဝင်ပတ်သက်လာရမှာဖြစ်လို့အခြေအနေအရပ်ရပ်ဟာ တတိယကမ္ဘာစစ်ဆီကို ဦးတည်လျက်ရှိနေပါတယ် တတိယကမ္ဘာစစ်ကို တားဆီးဖို့အတွက်တစ်ခုတည်းသောလမ်းကြောင်းဟာရုရှားသံအမတ်ကြီးကိုကယ်တင်ပေးဖို့တစ်ခုသာရှိတော့သောကြောင့် ဥရောပအဖွဲ့ဝင်နိုင်ငံများဟာ ပူးပေါင်းကယ်တင်ပေးဖို့ဖြစ်လာရပါတော့တယ်ထို့ကြောင့် ပြန်ပေးသမားများရဲ့တည်နေရာကိုသိရှိထားသောတစ်ဦးတည်းသောသဲလွန်စ မှတ်ဉာဏ်ပျောက်ဆုံးနေသူ Stephenကိုစစ်မေးဖို့ အကြောင်းဖန်လာချိန်မှာတော့…ဒီဇာတ်ကားလေးဟာဆိုရင် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုတို့ရဲ့နိုင်ငံရေးစစ်ရေးအားပြိုင်မှုသမိုင်းကို တစ်စွန်းတစ်စထင်ဟပ်ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အဏုမြူစစ်ပွဲတွေရဲ့ကြောက်မက်ဖွယ်ရာအနာဂတ်ကိုလည်း မီးမောင်းထိုးပြပေးကာငြိမ်းချမ်းရေးကိုအလေးထားဖို့သတိပေးတဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ ဆိုရင်လည်းမှားနိုင်ဖွယ်မရှိပါဘူး..ဇာတ်ကောင် Stephen ကိုစစ်ကြောမေးမြန်းမှုအပေါ်မှာအခြေတည်ရိုက်ကူးထားပြီးကမ္ဘာ့အရေးကိုတင်ပြထားတဲ့ဒီဇာတ်ကားလေးကို ရုပ်ရှင်ချစ်သူများ လက်မလွတ်ရစေဖို့ညွှန်းဆိုပေးလိုက်ရပြန်ပါတယ်ခင်ဗျာ…..