American Psycho HD

American Psycho

Crime Drama Thriller HD 2000-04-13 7.4 102 Min

အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်းပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြားမှုတွေပြည့်နှက်နေခဲ့တယ် ....ရယ်မောစကားပြောနေပေမဲ့အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု….. ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ်ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်ပစ်ခဲ့တယ် ...သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ…ဒီကားဟာ TOP IMDB ထဲမှာပါသလိုရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်….ဒီကားကိုကြည့်တဲ့သူတွေအဖို့  ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ်မျက်ခြေမပြတ်လိုက်ရပါ့မယ်..….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကိုခေါင်းစားပါတယ်...နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale  ကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်...ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲစမ်းသပ်နေတာနဲ့ပိုတူပါတယ်...ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ  လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်…