Love Me FHD

Love Me

Drama Science Fiction Romance FHD 2025-01-31 6 92 Min

Love Me 2024 သင်က လူသားမျိုးနွယ်စုအပါအဝင် သက်ရှိအားလုံးဆိုက်သုဉ်းသွားပြီး ပင်လယ်ထဲမှာ ကျန်ရှိခဲ့တဲ့ ကိုယ်ပိုင်ဉာဏ်ရည်တုစနစ်ပါရှိတဲ့ လူလုပ်ရေကြောင်းပြဗော်ယာလေးဆိုပါစို့။သင်ဟာ ပင်လယ်ထဲမှာ မျောနေရင်း တစ်နေ့တော့ အထီးကျန်လာခဲ့တယ်။ ဒီအချိန်မှာ လူသားတွေ မျိုးမသုဉ်းခင်မှာ လွှတ်တင်ထားခဲ့တဲ့ ဂြိုဟ်တုတစ်လုံးက ကမ္ဘာမြေပေါ်မှာအသက်ရှင်ကျန်နေသေးတဲ့လူသားတွေ ရှိလိုရှိငြား ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန်လှည့်ပတ်ကာ လိုက်လံရှာဖွေချိတ်ဆက်ပေးနေတာကို ပင်လယ်ထဲကအထီးကျန်နေတဲ့ ဗော်ယာလေးက တွေ့ခဲ့ပါတော့တယ်။ဗော်ယာလေးက ဂြိုဟ်တုလေးကို နှုတ်ဆက်ဖို့ ကြိုးစားပေမဲ့ဂြိုဟ်တုလေးက သက်ရှိတွေကိုပဲ ကူညီချိတ်ဆက်ပေးဖို့ ပရိုဂရမ်ဆွဲထားတာဖြစ်တဲ့အတွက် ဗော်ယာလေးကိုသက်ရှိဖြစ်ကြောင်းအတည်ပြုခိုင်းပါတယ်။ ဗော်ယာလေးက အထီးကျန်လွန်းတော့ဂြိုဟ်တုလေး ထွက်သွားမှာစိုးတဲ့အတွက် ဒေဂျာနဲ့ လီယမ်ဆိုတဲ့ယူဂျု့ ဘလော့ကာ စုံတွဲထဲက ချစ်သူကောင်မလေးဒေဂျာအဖြစ်ဟန်ဆောင်ပြီးတော့ သက်ရှိဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။အဲကနေစပြီး ဂြိုဟ်တုလေးက ဗော်ယာလေးကို ဒေဂျာဆိုတဲ့ သက်ရှိကောင်မလေးအဖြစ် ထင်သွားပြီးတော့ တခြားသက်ရှိတွေနဲ့ချိတ်ဆက်ဖို့ကူညီကြိုးစားပေးပါတော့တယ်။ ဗော်ယာနဲ့ ဂြိုဟ်တုဟာ ဉာဏ်ရည်တုစနစ်ပါရှိတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး ဗော်ယာကတော့ ဂြိုဟ်တုကိုအနားမှာရှိစေချင်တဲ့အတွက် လူသားဖြစ်ကြောင်းလိမ်ထားခဲ့ပြီးလူသားတွေလို ပြုမူနေထိုင်ကြည့်ဖို့ ကြိုးစားပါတော့တယ်။ဒီတော့ စက်ပစ္စည်းနှစ်ခုဖြစ်တဲ့ ဗော်ယာနဲ့ ဂြိုဟ်တုတို့ဟာ သက်ရှိတွေမရှိတော့တဲ့ ကမ္ဘာမြေပေါ်မှာ ဘယ်လိုရှေ့ဆက်သွားကြမလဲသူတို့ရဲ့ ဉာဏ်ရည်တုစနစ်ကို ကျော်လွန်ပြီးတော့ လူသားတွေလိုခံစားတတ်ပြီး ဆင့်ကဲတိုးတက်လာနိုင်မလား၊ ဗော်ယာဟန်ဆောင်ထားတာကို ဂြိုဟ်တုက သိရှိသွားမလား အစရှိသဖြင့်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ ကြည့်ရှုရမဲ့ Post-apocalyptic အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားတစ်လျှောက်လုံးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့Wall-E တို့ ပြန်ကြည့်ရသလို ခံစားချက်မျိုးလေးပြန်ရမှာပါ။