Kinda Pregnant FHD

Kinda Pregnant

Comedy Romance FHD 2025-02-04 5.6 97 Min

စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းကသူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင်မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေးတည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ်မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာလင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့သားဦးလေးကိုကိုယ်ဝန်စလွယ်ထားရပါတယ်။လင်နီ လိုချင်၊ဖြစ်‌ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်းကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေဖြစ်ပြီး သူလိုချင်ခဲ့တဲ့ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာဟန်ဆောင်‌နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီးကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေအလိမ်အညာထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကိုဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ခုတင်ပေါ်ကဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသကားလေးကြည့်ဖို့ရှာနေသူများကတော့ဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်။ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို‌ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။